ဖြစ်မြောက်နိုင်ခြေမရှိ၍ နမ့်ပွန်မြစ်ပေါ်ရှိ အထက်ဟော်ခမ်းရေအားလျှပ်စစ်စီမံကိန်း ရုတ်သိမ်း

ဖြစ်မြောက်နိုင်ခြေမရှိ၍ နမ့်ပွန်မြစ်ပေါ်ရှိ အထက်ဟော်ခမ်းရေအားလျှပ်စစ်စီမံကိန်း ရုတ်သိမ်း
by -
လင်းသန့်

အထက်ဟော်ခမ်းရေအားလျှပ်စစ်စီမံကိန်းဖြစ်မြောက်နိုင်ခြေ လေ့လာသုံးသပ်ချက် ရလဒ်များအရ ဖြစ်မြောက်နိုင်ခြေမရှိသဖြင့် ဆက်လက်လုပ်ဆောင်မည်မဟုတ်ကြောင်း စီမံကိန်းရင်းနှီးမြှပ်နှံရန် စီစဉ်နေသည့် ကုမ္ပဏီက ဒေသခံသို့ အသိပေးရှင်းလင်းခဲ့သည်။

အဆိုပါ အသိပေးရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီအချိန်က ဘောလခဲမြို့ရှိ စောလဖော်ခန်းတွင် ပြုလုပ်ခဲ့ကာ ယင်းစီမံကိန်း ရင်းနှီးမြှပ်နှံသည့် HTCT Energy Investment Co.ltd Director၏ တာဝန်ရှိသူ ဦးဟန်သိန်းလွင်က စီမံကိန်းကို ရပ်တန့်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘောလခဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က “HTCT ကုမ္ပဏီနဲ့ လျှပ်စစ်က လက်ထောက်ညွှန်မှူးက ဖြစ်နိုင်ခြေမရှိတာကို လာရှင်းပြတာ။ တခါတည်း ရုတ်သိမ်းမယ် ရှင်းပြခဲ့တယ်။”ဟု ၎င်းက ကန္တာရဝတီတိုင်း(မ်)ကို အတည်ပြုပြောကြားသည်။

ရှင်းလင်းပွဲသို့ ဘောလခဲမြို့ရှိ ဒေသခံ ၁၅၀ ကျော်တက်ရောက်ခဲ့သည်။

အထက်ဟော်ခမ်းစီမံကိန်း ဖြစ်မြောက်နိုင်ချေ လေ့လာသုံးသပ်ချက်ရလဒ်များအရ ရေအားလျှပ်စစ်စီမံကိန်းအတွက် ဆောင်ရွက်ရန် မဖြစ်နိုင်ပါသဖြင့် ဆက်လက်ဆောင်ရွက်သွားမည် မဟုတ်ကြောင်း စီမံကိန်းကျွမ်းကျင်မှုဆိုင်ရာ အကြံပေးများဖြစ်သည့် Mr.Paulနှင် ့Mr.Lnoue တို့ကလည်း ဒေသခံများသို့ ပြောကြားခဲ့သည်။

ယင်းရေအားလျှပ်စစ်စီမံကိန်း အစပျိုးလုပ်ဆောင်ကတည်းက သဘာဝပတ်ဝန်းကျင် ထိခိုက်မည်ကို ဒေသခံများက စိုးရိမ်ခဲ့ပြီး ပြန်လည်ရုပ်သိမ်းလိုက်သည့် အစီအစဉ်ကို ၎င်းတို့က ကြိုဆိုလိုက်သည်။

“လုပ်မယ်ဆိုတာ စကြားတော့ ရေများ ခမ်းသွားမလား၊ တောင်ယာတွေ ရေ မြုပ်ကုန်မလားဆိုတာ စိုးရိမ်တယ်လေ။ အခုမလုပ်ဖြစ်ရင်လည်း ကောင်းတာပဲလေ။”ဟု ဒေသခံ စိုင်းလုံက ပြောသည်။

နမ့်ပွန်ချောင်းတလျောက် ဖြစ်မြောက်နိုင်စွမ်းရှိမည့် ရေအားလျှပ်စစ်စီမံကိန်းများကို လေ့လာဆောင်ရွက်ရန် HTCT Energy Inverestment Co.Ltdက လျှပ်စစ်စွမ်းအားနှင့် စီမံရေးရာဌာနနှင့် ၂၀၁၅ အောက်တိုဘာလကတည်းက နားလည်မှုစာချွန်လွှာ(MoU) ရေးထိုးခဲ့သည်။

အထက်ဟော်ခမ်း (Upper Haw Khan )လျှပ်စစ်စီမံကိန်းအား ဖြစ်မြောက်နိုင်စွမ်းဆိုင်ရာ လေ့လာမှုများ (Feasibility Study )နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နိုင်မှု ရှိ/မရှိအား သိရှိနိုင်ရန် (ESIA) လေ့လာဆောင်ရွက်နေစဉ် အတောအတွင်း၌လည်း ဘောလခဲမြို့နယ်ရှိ ဒေသခံများက ယင်းစီမံကိန်းတိုင်းတာမှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြခြင်းသည်။

 

ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...