နိုင်ငံတဝန်း မုဒိမ်းဖြစ်ပွားမှု အနည်းဆုံးအဖြစ် ကယားပြည်နယ်ရပ်တည်

နိုင်ငံတဝန်း မုဒိမ်းဖြစ်ပွားမှု အနည်းဆုံးအဖြစ် ကယားပြည်နယ်ရပ်တည်
by -
လင်းသန့်

၂ နှစ်အတွင်း တိုင်းနှင့် ပြည်နယ်များအနက် ကယားပြည်နယ်သည် မုဒိမ်းဖြစ်ပွားမှု အရေအတွက် အနည်းဆုံး ပြည်နယ်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးးဌာနက ထုတ်ပြန်သည်။

အဆိုပါ ဒေသများအနက် ကယားပြည်နယ်သည် မုဒိမ်းမှု ၁၄ မှုဖြင့် ဖြစ်ပွားမှု အနည်းဆုံနေရာ၌ ရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးသည် မုဒိမ်းမှု စုစုပေါင်း ၄၉၉ မှုဖြင့် အရေအတွက် အများဆုံးရပ်တည်နေသည်။

ကယားပြည်နယ်၏ မုဒိမ်းမှု အရေအတွက်သည် ရန်ကုန်တိုင်းဒေသကြီး၏ မုဒိမ်းမှုဖြစ်ပွားခဲ့မှုစုစုပေါင်း၏ ၃ ရာခိုင်နှုန်းသာ ရှိသည်။

ယင်းအချက်အလက်များကို ပြည်ထဲရေးဝန်ကြီးဌာနက ၎င်း၏ Facebook လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ယနေ့ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် ၂ နှစ်အတွင်း ကယားပြည်နယ်၌ သက်ငယ်မုဒိမ်းမှု ၈ မှုနှင့် အသက် ၁၆ နှစ်အထက် မုဒိမ်းမှု ၆ မှု ဖြစ်ပွားသည်။

၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် ၂ နှစ်အတွင်း မြန်မာနိုင်ငံတဝန်း မုဒိမ်းမှုစုစုပေါင်း ၂၅၀၅ မှု ဖြစ်ပွားခဲ့သည်။

Most read this week

ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...