မြေဧက တိုးပေးမည်ဟုဆိုကာ မြေစာရင်းဝန်ထမ်းမှ ပုံစံ ၁၀၅ သိမ်းယူ၊ အိမ်ပိုင်ရှင်အမှုရှုံး၍ နေအိမ်ဖယ်ရှားခံရ

မြေဧက တိုးပေးမည်ဟုဆိုကာ မြေစာရင်းဝန်ထမ်းမှ ပုံစံ ၁၀၅ သိမ်းယူ၊ အိမ်ပိုင်ရှင်အမှုရှုံး၍ နေအိမ်ဖယ်ရှားခံရ
by -
ယိင်းတိုင်း

ညောင်ရွှေမြို့နယ်မြေစာရင်းဦးစီးဌာနမှတရားဝင်ထုတ်ပေးထားသောမြေစာရင်းပုံစံ (၁၀၅) အားအကြောင်းပြချက်မရှိ ပြန်လည်သိမ်းဆည်းလိုက်ခြင်း ကြောင့်အမှုရှံုးကာ ဒေသခံတဦး နေအိမ်ဖယ်ရှားဖျက်ဆီးခံရကြောင်းစုံစမ်းသိရှိရသည်။

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ရွာသစ်ရွာ၊ ရွာသာကျေးရွာအုပ် ကွင်းအမှတ် (၁၉) ဦးပိုင်အမှတ်(၂၀၁) စုရှိ လယ် မြေဧက (၄.၂၉) ဧရိယာတွင် နေထိုင်သည့် ဒေါ်လှရင် မိသားစုသည် ၁၉၈၅ ခုနှစ်မှစ၍ မြေစာရင်းဦးစီးဌာနသို့ သီးနှံ မြေခွန် ပုံစံ(၈) ကိုနှစ်စဉ်ကျသင့်ငွေများဆောင်ခဲ့သော်လည်း ၂၀၁၁ ခုနှစ်က ညောင်ရွှေမြို့ နယ်မြေစာရင်းဦးစီးဌာနမှ တရားဝင်ထုတ် ပေးခဲ့သော မြေပုံစံ (၁၀၅) ကို ညောင်ရွှေမြို့နယ်မြေစာရင်းဦးစီးဌာန မြေစာရင်းဝန်ထမ်းက သိမ်းယူသွားခဲ့ခြင်းဖြစ်ကြောင်း ၄င်းမြေတွင်နှစ်ပေါင်း ၅၀ ကျော်နေလာသူ ပိုင်ရှင်ဒေါ်လှရင်က ပြောသည်။

”ကျမအသက် ၈ နှစ်ကတည်းက ဒီမြေပေါ်မှာလယ်ကောက်စိုက်ပြီး နေလာ တာအခု အသက် ၆၀ ရောက်မှအမှုဖြစ်တယ်။ အခုဒီအမှုရင်ဆိုင်လာတာ ၅ နှစ်ရှိပြီ ၊ ညောင်ရွှေမြို့မြေစာရင်းက နေမျိုးသူ ဆိုတဲ့တစ်ယောက်က မြေဧက တိုးပေးမယ်ဆိုပြီးမူရင်းပုံစံ(၁၀၅) မူရင်းကို လာယူသွားတာ ကျမတို့ပြန် တောင်းတာခုထိပြန်မရဘူး မိတ္တူပဲရှိတယ် ၊ အမှုဖြစ်တော့ ကျမတစ်ခါမှ မမြင်ဖူးတဲ့လူဆီမှာ အဲ့ဒီပုံစံ(၁၀၅)ရောက်နေတယ် ” ဟု ဒေါ်လှရင် ကပြောသည်။

အဆိုပါမြေယာအငြင်းပွားမှုကြောင့် (၅) နှစ်တာနီးပါးခန့်တရားရုံးတွင် တရားရင်ဆိုင်ရာကာ အမှုှရှံုး ၍ ဖေဖော်ဝါရီ (၁၉) ရက်နေ့ တွင် ညောင်ရွှေ တရားရုံးအမိန့်စာဖြင့် သက်ဆိုင်ရာရဲဌာနနှင့် တရားရုံးမှ တာဝန်ရှိသူများက ဒေါ်လှရင် ၏နေအိမ်အား ဖျက်သိမ်းခဲ့ကြောင်းသိရသည်။

” မြေစာရင်းက (၁၀၅) ကို မလိမ့်တစ်ပါတ်နဲ့လာပြီးတော့ ပြန်သိမ်းသွားတယ်။ ဒီအချက်မှာမသင်္ကာစရာတွေပဲ ။ ဘာကြောင့်အကြောင်းပြချက် ဘာမှမရှိပဲ ဘာဖြစ်လို့ လာသိမ်းသွား တာလဲ ၊ မြေယာမူလမှုခင်းရှိနေတဲ့နေရာတွေ မှာပဲ တစ်ဖက်မှာ လယ်ယာ မြေလုပ်ပိုင်ခွင့် ပုံစံ(၇) ဘာကြောင့်ထုတ်ပေး ရတာလဲ။ ဥပဒေမှာဆို ဒီလိုအ ငြင်းပွားမယ်ဆိုရင် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) ထုတ်ပေးစရာ အကြောင်းမရှိဘူး၊ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) ထုတ်ပေးတဲ့အခါမှာလဲ ပုံစံ(၂) နဲ့ ကန့်ကွက်လူကကန့်ကွက်နိုင်ရန်ဆိုပြီး ကန့်ကွက်စာထုတ်ရမယ် ဒါဟာ ၂၀၁၂ လယ်ယာမြေဥပဒေမှာပါပြီးသား ဒါပေမဲ့ ဒီကိစ္စဟာ လုပ်ထုံးလုပ်နည်းတွေ ၊ တာဝန်ယူမှုတာ ၀န်ခံမှုတွေပျက် ကွက်ခဲ့တယ် ” ဟု တောင်ကြီး၊ တရားဥပဒေစိုးမိုးရေးကွန်ရက် ဥက္ကဌ ဦးဝင်းနိုင်စိုးကပြောသည်။

တောင်ကြီး တရားဥပဒေစိုးမိုးရေး ကွန်ရက်မှ နစ်နာသူဖက်နေပြီး စုံစမ်းဖော်ထုတ်ပေးသွားမည် ဟု သိရသည်။

ညောင်ရွှေမြို့နယ်မြေစာရင်းဦးစီးဌာသို့ ဒေါ်လှရင်ကိုင်ဆောင်ထားသည့် မြေစာရင်းပုံစံ (၁၀၅) နှင့်ပတ်သက်၍ သွားရောက်မေးမြန်းခဲ့ရာ ယင်းပုံစံ (၁၀၅) သည် ၄င်းဌာန၏အထောက်ထားဖြစ်ကြောင်း ၉၀%သေ ချာသော်လည်းပြန်လည်စီစစ်ပေးမည် ဟု ညောင်ရွှေမြို့နယ်လယ်ယာမြေစီမံ ခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဟန်ဝင်းအောင်ကပြောသည်။

” မိတ္တူဖြစ်နေတော့ မူရင်းလက်ခံရှိမရှိပြန်လည်စီစစ်ပေးမယ် လက်မှတ် ထိုးထားတဲ့ ရုံးစာရေးကလည်း အလုပ်ထွက်သွားပြီ။ ကျနော်ပြောင်း လာတာ (၃) လပဲရှိသေးလို့ ပြန်စစ်ပေးပြီးအကြောင်းပြန်ပေးပါမယ်” ဟု ဦးဟန်ဝင်း အောင်က ဖြေကြားခဲ့သည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...