ဒေသထွက်ကုန်များ စျေးကွက်ရရှိရေး မြှင့်တင်ပေးဖို့ ပထမဆုံးအကြိမ် ရှမ်းရိုးရာစျေးရောင်းပွဲတော် လားရှိုးတွင်ပြုလုပ်

ဒေသထွက်ကုန်များ စျေးကွက်ရရှိရေး မြှင့်တင်ပေးဖို့ ပထမဆုံးအကြိမ် ရှမ်းရိုးရာစျေးရောင်းပွဲတော် လားရှိုးတွင်ပြုလုပ်

ရှမ်း(သျှမ်း)လူမှုအသိုင်းအဝိုင်းအတွင်း ဒေသထွက်ကုန်များမြှင့်တင်ရေး စီးပွါးရေး ကူးသန်းရောင်းဝယ်ရေး မြှင့်တင်ရေးအတွက် ကော်တိုင်း လေ့လာရေးစင်တာကဦးဆောင်ကာ သျှမ်းရိုးရာစျေးပွဲတော် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

စျေးပွဲတော်အား ဖေဖော်ဝါရီလ ၂၀ မှ ၂၂ ရက်နေ့အထိ လားရှိုးမြို့နယ် တာ့ပုံအုပ်စု ၀မ့်ကောင်းရွာရှိ ကော်တိုင်းလူမှုအခြေပြု ပညာရေးစင်တာတွင် ဖွင့်လှစ်ကျင်းပမည်ဖြစ်ပြီး စီးပွါးရေးပိုင်းတွင် ကျွမ်းကျင် ပညာရှင်များအားဖိတ်ခေါ်ကာ စီးပွါးရေးပိုင်းဆိုင်ရာ ဗဟုသုတများ ဆွေးနွေးဖလှယ်ဟောပြောပေးစေမည်ဟု သိရသည်။

"သျှမ်းရိုးရာအစားအသောက်တွေ၊ သျှမ်းရိုးရာလက်မှုလုပ်ငန်းကထုတ်လုပ်တဲ့ပစ္စည်းတွေ၊ သျှမ်းရိုးရာ အဝတ်အထည်တွေအသုံးအဆောင်ပစ္စည်းတွေရောင်းချမယ်။ နောက်ပြီးတော့ ရိုးရာအကတွေနဲ့တင်ဆက်မယ်။ စီးပွါးရေးလုပ်ငန်းနဲ့ပတ်သက်တာတွေကို ကျွမ်းကျင်ပညာရှင်တွေက လာပြီးဟောပြောမယ်။ သျှမ်းလူမှု အသိုင်းအဝိုင်းမှာ အနာဂတ်စီးပွါးရေးအတွက် လုပ်ငန်းစဉ်တွေကိုဆွေးနွေးမယ်။- " ဟု ကော်တိုင်းအဖွဲ့အစည်းမှ ဆရာ စိုင်းလိုင်းခမ်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။

အဆိုပါ သျှမ်းရိုးရာစျေးပွဲတော်ကို ကော်တိုင်းအဖွဲ့က ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး စီးပွါးရေးဆိုင်ရာဟောပြောဆွေးနွေးမည့်သူများမှာ ကျောက်မဲမြို့ ကျား ၅ ကောင်ဆေးတိုက်မှ ဦးစိုင်းသန်းမောင်၊ ချင်းမိုင်မြို့မှ ပန်းပုလုပ်ငန်းရှင် (ခွန်ကြာနု၏ဇနီး) ပါ့နန်းလှယဉ်၊ ချင်းမိုင်မြို့ သျှမ်းပညာရေးနှင့် ယဉ်ကျေးမှုကော်မတီ ဒုတိယဥက္ကဌ နန်းဆိုင်မိန်းလီ၊ ချင်းမိုင်မြို့ ရတ်ချဖတ်တက္ကသိုလ်မှ ဆရာတဦး၊ Great Horkham မှ စိုင်းဖိုးအောင် အစရှိပုဂ္ဂိုလ်များ လာရောက်ဟောပြောမည်ဖြစ်ကြောင်း သိရသည် ။

ထို့အပြင် သျှမ်းအဆိုတော် နန်းဆာရာနှင့် စိုင်းသျှဲန်ဖှ တို့မှလည်း တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေသွားမည်ဖြစ်ကြောင်းသိရသည်။

"ကျနော်တို့ရည်ရွယ်ချက်ကတော့ သျှမ်းလူမှုအသိုင်းအဝိုင်းရဲ့စီးပွါးရေး ကူးသန်းရောင်းဝယ်ရေးကို မြှင့်တင်ချင်တယ်။ ဒေသထွက်ကုန်ထွက်ကုန်တွေကို လူသိများအောင် စျေးကွက်များများဖန်တီးချင်တယ်။ ဒါကြောင့် သျှမ်းပြည်တွင်း တခြားမြို့နယ် တခြားဒေသက တောင်သူလယ်သမားတွေ ကုန်သည်တွေကိုလည်းဖိတ်ခေါ်ပါတယ်။ တကယ်လို့ မိမိဒေသထွက်ကုန်တွေ လက်မှုပစ္စည်းတွေလာရောင်း ချင်တယ်ဆိုရင်လည်း ဆက်သွယ်လိုက်ပါခင်ဗျ "– ဟု ဆရာစိုင်းလိုင်းခမ်းကပြောသည်။

ယခုတကြိမ်တွင် သျှမ်းရိုးရာစျေးပွဲတော်ကို ၃ ရက်ကြာသာကျင်းပမည်ဖြစ်ပြီး နောင်အခါများတွင်အလျဉ်းသင့်ပါက တခြားဒေသများသို့လည်းသွားရောက်ကျင်းပပြုလုပ်မည်ဟုသိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...