၈ လကျော်ကြာအဖမ်းခံထားရသည့် ဟိုပုံးဒေသခံများအမှု အပြီးသတ်ချမှတ်တော့မည်

၈ လကျော်ကြာအဖမ်းခံထားရသည့် ဟိုပုံးဒေသခံများအမှု အပြီးသတ်ချမှတ်တော့မည်
by -
နန်းဆိုင်ဖူး

၂၀၁၇ ခုနှစ် ဇူလိုင်လ လယ်ပိုင်းက အစိုးရတပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းထားသည့် ဟိုပုံးမြို့နယ်အတွင်းက ကျေးလက်ရွာသား ၈ ဦးအား တရားရုံးတော်မှာ တပ်မတော်ဘက်မှ အမှု ၁၂ မှု ဖြင့် အမှုဖွင့် တရားစွဲဆိုထားသည်မှာ ပြီးဆုံးခါနီးပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ တရားခံ ၈ ဦးကို လာမည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ဟိုပုံးမြို့နယ်တရားရုံးမှာ အပြီးသတ် အမိန့် ချမှတ်သွားမည်ဟု အမှုလိုက်ပေးသည့် ရှေ့နေ စဝ်မြဝတီ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“အခုက အမိန့်ချမယ့်အဆင့်ရောက်ပြီ၊ လာမယ့် ၂၁ ရက်နေ့မှာ အမိန့်ချတော့မယ်၊ တရားခံက ၈ ယောက် ကလေးအမှု တစ်ခုပါတယ်။ အမှု ၁၂ မှု အခုက ၈ မှုလောက်က အမိန့်ချမယ့် အဆင့်ရောက်ပြီ ကျန်တာကတော့ လျှောက်လဲချက် ကြားနာဖို့ရှိတယ်။ အပြီးသတ်အမိန့် ချမယ် ဟိုပုံးမြို့နယ်ရုံးမှာ ချမယ်၊ လွှတ်တယ်ဆိုလဲ ပြီးသွားပြီပေါ့၊ မလွှတ်ဘူးဆိုမှ ခရိုင်ကို တက်ရမှာ” ဟုအမှုလိုက် ရှေ့နေ စဝ်မြဝတီ ကပြောသည်။

အမှု ၁၂ မှုမှာ လက်နက်မှု၊ ဥပဒေမှု နှင့် အရေးယူတာဖြစ်ပြီး ပို့ကုန်သွင်းကုန် ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ နှင့် စစ်ဆင်ရေးနယ်မြေအတွင်းမှာ ဝင်ရာက်တယ်ဆိုပြီး ကာကွယ်ရေးဥပဒေ နှင့်အရေးယူထားတာဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးထားသည့် ဒေသခံ ၈ ဦးသည် ၁၀ ကြိမ်ထက်မနည်း တရားရုံးတက်ရပြီး တစံံုံတရာ ချမှတ်စီရင်ခြင်း မရှိဘဲ ရုံးဆက်တိုက် ချိန်းဆိုကြောင်း သိရသည်။

၂၀၁၇ ဇူလိုင် ၁၇ ရက်နေ့က ဟိုပုံးမြို့နယ် နမ့်ခုတ် ရွာသား ၈ ဦးအား အစိုးရတပ်မတော် ခြေလျင်တပ်ရင်း ခလရ အမှတ် ၂၂၅ နှင့် ၂၄၉ တို့မှ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ သတင်းမေးမြန်းရာ သတင်းမပေးဟုဆိုကာ ၄င်းတို့အား ဖမ်းဆီးခေါ်ဆောင်သွား အချုပ်ခန်းသို့ပို့ဆောင်ချုပ်နှောင်ထားခြင်း ဖြစ်သည်။

ရှမ်း(သျှမ်း)ပြည်တပ်မတော် RCSS/SSA သည် အစိုးရတပ်မတော် နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသောကြောင့် နေပြည်တော် အစိုးရမှ ၂၀၁၅ အောက်တိုဘာလ က မတရားအသင်းမှ စာရင်းပယ်ဖျက်ထားသည့် သျှမ်းတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်တစ်ခုဖြစ်သည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...