NCA လက်မှတ်ထိုးသည့်တိုင်းရင်းသား ၁၀ ဖွဲ့ နယ်စပ်တွင်တွေ့ဆုံမည်

NCA လက်မှတ်ထိုးသည့်တိုင်းရင်းသား ၁၀ ဖွဲ့ နယ်စပ်တွင်တွေ့ဆုံမည်
by -
ဟွမ်ဟိန်း
ဇန်နဝါရီလကပြုလုပ်သော PPST အစည်းအဝေး
ဇန်နဝါရီလကပြုလုပ်သော PPST အစည်းအဝေး

NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၀ ဖွဲ့ ဖေဖော်ဝါရီလ စတုတ္ထပတ်အတွင်း ထိုင်းနယ်စပ်တနေရာတွင်တွေ့ဆုံကြမည်ဖြစ်ကြောင်းသိရသည်။

"ဟုတ်ပါတယ်။ တွေ့ဆုံဖို့ရှိပါတယ်။ ဒါပေမယ့် ဘယ်နေ့ရက်မှာဆုံမယ် ဘယ်မှာဆုံကြမယ် ဆိုတာတော့ ကျနော်တို့မပြောနိုင်သေးပါဘူး။ ရှေ့ဆက်မှာဘယ်လိုလက်တွဲ သွားမလဲ။ အနာဂတ်နိုင်ငံရေး စစ်ရေးတွေမှာ၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ကွန်းဆက်တွေ မူဘောင်တွေဘယ်လိုရှိသလဲဆိုတာ ဆွေးနွေးဖို့အတွက်ဖြစ်ပါတယ် "– ဟု ရှမ်း(သျှမ်း)ပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA မှ အတွင်းရေးမှူး ၃ ဗိုလ်မှူးကြီးစိုင်းငင်းကပြောဆိုလိုက်သည်။

သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ လာမည့်ဖေဖေါ်ဝါရီလ ၁၈-၁၉ ရက်နေ့ ထိုင်းနယ်စပ်တနေရာတွင်တွေ့ဆုံကြမည်ဟုဆိုသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU က နေပြည်တော် MICC 2 ခန်းမတွင် တနိုင်ငံလုံးပတ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ် လက်မှတ်ရေးထိုးရာ လက်ရှိတွင် NCA လက်မှတ်ရေးထိုးသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၀ ဖွဲ့ရှိလာပြီးနောက် ပထမဆုံးအကြိမ် တွေ့ဆုံကြမည်ဖြစ်ကြောင်းသိရသည်။

UNFC ၏ ကျန်ရှိအဖွဲ့ဝင် ၄ ဖွဲ့ ကျန်ရှိသည့်အနက် မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ LDU တို့ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း လက်ရှိတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် ရခိုင်အမျိုးသားကောင်စီ ANC ၂ ဖွဲ့သာကျန်ရှိခဲ့ပါသည်။

ဦးသိန်းစိန်အစိုးရလက်ထက်က အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၈ ဖွဲ့အကြား NCA လက်မှတ်ရေးထိုးခြင်းကို ၂၀၁၅ ခုနှစ်အောက်တိုဘာလ ၁၅ ရက် က ပြုလုပ်ခဲ့သည်။ ထိုစဉ်က KNU ၊ KNLA-PC ၊ DKBA၊ RCSS/SSA ၊ ABSDF၊ ALP ၊ CNF ၊ PNLO အဖွဲ့တို့ NCA လက်မှတ်ရေး ထိုးခဲ့ကြခြင်းဖြစ်သည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...