မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ စစ်တမ်းကောက်

မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ စစ်တမ်းကောက်
by -
ယိင်းတိုင်း
Free Expression Myanmar က တောင်ကြီးမြို့ ရှိ နယ်ခံသတင်းသမားများနှင့် တွေ့ဆုံ
Free Expression Myanmar က တောင်ကြီးမြို့ ရှိ နယ်ခံသတင်းသမားများနှင့် တွေ့ဆုံ

သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ်သတင်းသမားများ၏ စိုးရိမ်ပူပန်မှုများ၊ လက်ရှိ စိန်ခေါ်မှုများ နှင့် ပြုပြင်ပြောင်းလဲလိုမှုများကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းအဖွဲ့ မြန်မာ Free Expression Myanmar က တောင်ကြီးမြို့ ရှိ နယ်ခံသတင်းသမားများနှင့် တွေ့ဆုံ၍ စစ်တမ်းကောက် ယူမှုများ ပြုလုပ်ခဲ့ပါသည်။

” ဒီက ဂျာနယ်လစ် သတင်းသမားတွေရဲ့ ဒီမီဒီယာလွတ်လပ်ခွင့် အပေါ်မှာ ဘာတွေစိုးရိမ် သောက တွေရှိနေလဲ၊ သူတို့ဘာတွေပြုပြင် ပြောင်းလဲချင်သလဲ ဆိုတာ ကို စစ်တမ်းလာကောက်ရ ခြင်းဖြစ်တယ် ။ ရည်ရွယ်ချက် ကတော့ စစ်တမ်းက ရလာတဲ့အချက်အလက်တွေကို အစိုးရတွေဆီပေးပို့မယ်။ ဒီဥပဒေ နဲ့ပေါ်လစီ တွေကို ပြုပြင်ပြောင်းလဲပေး နိုင်တဲ့အစိုးရထံကို ကျမတို့က ချိတ်ဆက် ပြီးတော့ ပြောဆိုတဲ့အခါမှာ၊ Advocacy လုပ်တဲ့အခါမှာ သက်သေတွေ ရဖို့အတွက်ပြုလုပ်ရခြင်းဖြစ် ပါတယ် ” ဟု စစ်တမ်းကောက်ရသည့် ရည်ရွယ်ချက်ကို Free Express Myanmar မှ Program Manager ဒေါ်ယဉ်ရတနာသိန်းက ရှင်းပြသည်။

တောင်ကြီးမြို့ခံသတင်းသမားများအနေဖြင့်သတင်းလွတ်လပ်ခွင့်နှင့် လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှုမှာ ပြည်နယ် အစိုးရ၏လုပ်ဆောင်များအား သတင်းရယူရာတွင် အခက်အခဲရှိနေပြီး သျှမ်းပြည်နယ်လွှတ်တော်အတွင်း မီဒီယာများခွဲခြား ဆက်ဆံခြင်းများရှိနေကြောင်း တောင်ကြီးသတင်းများကပြောသည်။

”သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီးသတင်းသမားတွေအပေါ်ပုဒ်မ ၆၆(ဃ) နဲ့ အရေးယူနေတာ တွေ အသရေဖျက်မှုလိုဟာမျိုးတွေ မတရားသင်း ဆက်သွယ်တဲ့ပုဒ်မ ၁၇(၁) လို မျိုးတွေ အင်္ဂလိပ် ခေတ်ကတည်း ကရေးဆွဲခဲ့တဲ့ လျှို့ဝှက်အက် ဥပဒေလို ဟာမျိုးတွေ အဓိက အားဖြင့် သတင်းသမား တွေကို ခြိမ်းခြောက် နှိပ်ကွပ်နေတဲ့ ရာဇသတ်ကြီး ပုဒ်မတွေ။ အင်္ဂလိပ်ခေတ်က ရေးခဲ့တဲ့ အက်ဥပဒေ တွေတချို့ ပယ်ဖျက်သင့်သလို တချို့ ပြင်ဆင် ရေးဆွဲသင့်ပါတယ် ။ တကယ်တမ်း ဖြစ်လာတော့ ဘယ်သူမှ မကယ်နိုင်ဘူး။ သတင်းသမားတွေ အတွက် အာမခံချက်နည်းနေတယ်။ ” ဟု တောင်ကြီးသတင်းထာက်များအသင်း TJA မှ ကိုစည်သာဟိန်းကပြောသည်။

အဆိုပါ တွေ့ဆုံပွဲကို ဖော်ဖော်ဝါရီ ၁၃ နေ့က Heart Beat Restaurant တွင် ကျင်းပခဲ့ပါသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...