မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့အား မတရားအသင်းမှပယ်ဖျက်

မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့အား မတရားအသင်းမှပယ်ဖျက်

မွန်ပြည်သစ်ပါတီ (New Mon State Party-NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (Lahu Democratic Union-LDU) တို့အား ပြည်ထဲရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ (၂/၂၀၁၈) ဖြင့် မတရားအသင်းအဖြစ်မှပယ်ဖျက်လိုက်သည်။ 

အလားတူ မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်ပါတီအား အကြမ်းဖက်သူများမဟုတ်ကြောင်း ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် အမိန့်ကြောငြာစာအမှတ်(၁/၂၀၁၈) တွင်လည်း ရေးသားဖော်ပြသည်။

နိုင်ငံတော်သမ္မတသည် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့် မတရားအသင်းအက်ဥပဒေအရ အထက်ပါအဖွဲ့အစည်းအား ပယ်ဖျက်ကြောင်း အမိန့်ထုတ်ပြန်ချက်တွင် ပြည်ထဲရေးဌာနဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ လာမည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးတော့မည် ဖြစ်သည်။

January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...