RCSS/SSA ဌာနချုပ်လွယ်တိုင်းလျန်းတွင်ကျင်းပသော ၇၁ ကြိမ်မြောက် ရှမ်းပြည်အမျိုသားနေ့ အခမ်းအနား အပစ်ရပ်၊ မရပ် တိုင်းရင်းသားခေါင်းဆောင်များတက်ရောက်

RCSS/SSA ဌာနချုပ်လွယ်တိုင်းလျန်းတွင်ကျင်းပသော ၇၁ ကြိမ်မြောက် ရှမ်းပြည်အမျိုသားနေ့ အခမ်းအနား အပစ်ရပ်၊ မရပ် တိုင်းရင်းသားခေါင်းဆောင်များတက်ရောက်

၇၁ နှစ်မြောက် ရှမ်း(သျှမ်း)ပြည်အမျိုးသားနေ့အခမ်းအနားကို သျှမ်းပြည်တွင်းအနယ်နယ်အရပ်ရပ်အပြင် RCSS/SSA ဌာနချုပ်လွယ်တိုင်းလျန်းတွင်လည်း အကြီးအကျယ်ပြုလုပ်ရာ NCA အပစ်ရပ်လက်မှတ်ရေးထိုး၊ မရေးထိုးရသေးသည့် တိုင်းရင်းသားကိုယ်စားလှယ်များ တက်ရောက်ကြောင်းသိရသည်။

၂၀၁၈ ဖေဖော်ဝါရီလ ၇ ရက်နေ့က RCSS/SSA ဌာနချုပ် လွယ်တိုင်းလျန်း တွင်ကျင်းပသော သျှမ်းပြည်အမျိုးသားနေ့အခမ်းအနားသို့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၇ ဖွဲ့ခေါင်းဆောင် UWSA ၀ တပ်ဖွဲ့၏ကိုယ်စားလှယ်အပါအဝင် ပအို၀်း PNO ၊ PNLA ၊ ကရင် KNU ၊ ကရင်နီ KNPP လားဟူ LDU ၊ မွန် NMSP ၊ ကရင် DKBA ၊ ကျောင်းသားတပ်မတော် ABSDF တို့မှကိုယ်စားလှယ်များ အပစ်ရပ်လက်မှတ်မရေးထိုးရသေးသည့် UNFC မှခေါင်းဆောင်များ တက်ရောက်ကြသည်။

အဆိုပါအခမ်းအနားသို့ UN ကိုယ်စားလှယ်များ အပြင် မြန်မာနိုင်ငံမှ သံရုံးကိုယ်စားလှယ် ၂၀ ကျော်ကလည်း တက်ရောက်အားပေးကြကြောင်း အခမ်းအနားတက်ရောက်သည့် ကျောက်မဲဒေသခံ စိုင်းဦးကပြောသည်။

“စစ်ရေးပြစစ်သည်တွေအပါအဝင် ပွဲတက်တဲ့ပရိသတ် ၃၀၀၀ နီးပါးရှိတယ်လို့သိရပါတယ်။ မြို့နယ်အသီးသီးက ယဉ်ကျေးမှုအကအဖွဲ့တွေ၊ နာမည်ကြီးအဆိုတော်တွေ လည်း လာပြီးဖျော်ဖြေကြတယ်။ ဒီနှစ်တော်တော်စည်တယ်လို့ပြောရပါမယ် ”- ဟု ၄င်းကပြောသည်။

၇၁ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့အခမ်းအနားအတွက် နိုင်ငံတော်သမ္မတကြီးဦးထင်ကျော် ၊ သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် တို့မှ သဝဏ်လွှာများ ပေးပို့ခဲ့ကြပါသည်။

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ခွန်ထွန်းဦးမှလည်း ၇၁ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ သဝဏ်လွှာ ပေးပို့ခဲ့ သည်။ သျှမ်းပြည်မြောက်ပိုင်း မူစယ်၊ နမ့်ခမ်း၊ လားရှိုး၊ သိန္နီ ၊ သျှမ်းပြည်တောင်ပိုင်း တောင်ကြီး ၊လင်းခေး၊လွယ်လင်၊ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ မိုင်းဆတ် တို့တွင်လည်း သျှမ်းပြည်အမျိုးသားနေ့အခမ်းအနားကျင်းပခဲ့သည်။

၁၉၄၇ ခု ဖေဖော်ဝါရီ ၁၁ နေ့က သျှမ်းပြည်ကောင်စီဥက္ကဌ SSC စဝ်ခွန်ပန်းစိန် က သျှမ်းပြည်ဆိုင်ရာ ဆုံးဖြတ်ချက် ၃ ရပ်အတည်ပြုကြောင်း ထုတ်ပြန်ကြေငြာရာတွင် (၁) – ဖေဖော်ဝါရီလ ၇ ရက် ကို သျှမ်းပြည်အမျိုးသားနေ့ အဖြစ်၊ (၂) – ၀ါ-စိမ်း-နီ နှင့် အလယ်လဝန်ပါ အလံကို သျှမ်းပြည်အမျိုးသားအလံနှင့် (၃) – ခေးတိုင်းခေးရာဇာ သီချင်းကို အမျိုးသားသီချင်းအဖြစ် သတ်မှတ်ခဲ့ရာမှာ ယနေ့တိုင် ဖြစ်ပါသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...