ဖေဖော်ဝါရီ ၁၃ တွင် မွန်နှင့်လားဟူ NCA ထိုးမည်

ဖေဖော်ဝါရီ ၁၃ တွင် မွန်နှင့်လားဟူ NCA ထိုးမည်
ဒေါ်အောင်ဆန်းစုကြည်နှင့် NMSP,LDU တို့ အမှတ်တရဓါတ်ပုံ(photo- သတင်းစဉ်)
ဒေါ်အောင်ဆန်းစုကြည်နှင့် NMSP,LDU တို့ အမှတ်တရဓါတ်ပုံ(photo- သတင်းစဉ်)

မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို ဖေဖော်ဝါရီ ၁၃ ရက်တွင် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း LDU ဒုဥက္ကဌ ဗိုလ်မှူးကြီး ဆော်လမွန် ကပြောကြားခဲ့သည်။

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC နှင့် ညှိနှိုင်းထားသည့် အချက် ၈ ချက် နှင့် NCA တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချူပ် ကို အပိုင်း ၂ ပိုင်းခွဲပြီး ဖေဖေါ်ဝါရီလ ၁၃ရက်နေ့တွင် တစ်ရက်တည်း လက်မှတ်ရေးထိုးကြမည်ဟု ဗိုလ်မှူးကြီး ဆော်လမွန်က ပြောသည်။

"အခုကတော့ Deed of Commitment တော့ မထိုးတော့ဘူး ကျနော်တို့ DPN ၈ ချက်ထိုးပြီးတာနဲ့ NCA ထိုုးဖို့၊ DPN နဲ့ PC ညှိနှိုင်းထားတဲ့ ၈ ချက်လေ၊ ၈ ချက်ကို ကျနော်တို့ အဌမအကြိမ် သဘောတူညီချက် ရပြီးသားလေ အဲ့ဒါထိုးမယ် နောက်ပြီးရင် NCA ထိုးမယ်။ Deed of Commitment မထိုးတော့ဘူး တခါတည်း အပြီး ထိုးလိုက်တော့မယ်။ ၂ပိုင်းရှိမယ် ၈ ချက်ထိုးပြီးရင် NCA ထိုးမယ် ၂ ပိုင်းရှိမယ် တစ်ရက်တည်းထိုးမယ်။"

မူလ သဘောတူညီချက်အရ NCA ၈ ချက်ကို ဦးစွာ လက်မှတ်ရေးထိုုးပြီး ဒုတိယအဆင့် NCA တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ်ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံအစည်းအဝေး တတိယအကြိမ် ကျင်းပချိန်တွင် လက်မှတ်ရေးထိုးရန် ဖြစ်သည်။

"အရင် ကျနော် ၂၇ ၊ ၂၈ ၊ ၂၉ မှာ Deed of Commitment NCA ၈ ချက်ထိုးပြီးမှ အခုတကယ့် ညီလာခံ ပွဲကြီးပွဲကောင်းကြမှ ထိုးမယ်လို့တော့ အစီအစဉ် ဆွဲခဲ့တယ်။ ဒါပေမယ့် အခြေအနေအရ တမျိုးပြန်ဖြစ်သွားတယ်လေ။ အဲ့ဒါပါပဲ အစကတော့ ဟုတ်တယ်။ Deed of Commitment ထိုးဖို့ပဲ။ ဒါပေမယ့် အခုကြတော့ တခါတည်း အပြီးထိုးတော့မယ် ဆိုတော့ တခါတည်း အပြီးထိုးလည်း ကောင်းတာပဲ။" ဟု LDU ဒုဥက္ကဌ ဗိုလ်မှူးကြီး ဆော်လမွန် က ဆက်ပြောသည်။

ယမန်နေ့ (ဖေဖေါ်ဝါရီလ ၅ ရက်နေ့က) နေပြည်တော်၌ ကျင်းပသော အစည်းအဝေးတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဒုတိယ ဥက္ကဌ ၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့တွင် နေပြည်တော် MICC-ll တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ရက်သတ်မှတ်တာတော့ အရင်ကတည်းက ကျနော်တို့က အဲ့ဒီ ၁၃ ရက်က ကောင်းပါတယ်ဆိုပြီးတော့ အကြောင်းပြန်ထားတာ ရှိတယ်လေ ပြည်ထောင်စုနေ့ပြီးရင် တခါတည်းလုပ်ဖို့ပေါ့နော်။ တရားဝင်စာကိုတော့ ဒီတစ်ရက် နှစ်ရက် ပို့လာမယ် ထင်တယ်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် ၄ ဖွဲ့ထဲမှ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့နှစ်ဖွဲ့က အစိုးရနှင့် NCA လက်မှတ်ရေးထိုးတော့မည့် ကိစ္စနှင့် ပတ်သက်၍ လာမည့် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ ချင်းမိုင်မြို့တွင် UNFC ကောင်စီအစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပရန်လည်း ရှိနေသည်။

ကျနော်တို့က အဲ့ကိစ္စလည်း စဉ်းစားနေတယ် ဒါမှမဟုတ် စာတစ်ခုခုတော့ တင်ရအုံးမယ်ထင်တယ်။ မတက်နိုင်တဲ့ အကြောင်းလား၊ တခုခုပေါ့နော့်။ ၉ ရက်နေ့ကျရင် ကျနော် UNFC လူကြီးတွေနဲ့ တွေ့မယ်လေ၊ ကျနော်တို့အကြောင်းတခုခုတော့ စာအကြောင်းပြန်ချက်ပေးအုံးမယ်။ လူစုံတက်စုံတော့ မတက်ဖြစ်နိုင်တော့ဘူး။

ဖေဖေဖါ်ဝါရီလ ၁၃ ရက်နေ့တွင် ကျင်းပမည့် NCA လက်မှတ်ရေးထိုးပွဲကိုတော့ လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU အဖွဲ့အနေဖြင့် ဥက္ကဌ ကြာခွန်ဆာ ဦးဆောင်သည့် အဖွဲ့ဝင် ၁၅ ဦးခန့် တက်ရောက်ရန် ရှိပြီး မွန်ပြည်သစ်ပါတီ NMSP အဖွဲ့အနေဖြင့်လည်း ၁၅ ဦးကျော် တက်ရောက်ရန်ရှိပြီး မနက်ဖြန်တွင် အမည်စာရင်းများ ပေးပို့သွားမည်ဟု သိရသည်။

ဤ NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် NLD အစိုးရလက်ထက်တွင် ပထမဦးဆုံးအကြိမ် ကျင်းပသည် NCA လက်မှတ်ထိုုးပွဲ ဖြစ်လာမည် ဖြစ်သည်။

Most read this week

September 19, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ရွာစဉ်ပတ်၍ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်က ကျောက်ပြင်...
September 19, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်များကို စစ်အုပ်စုတပ်က ဆက်တိုက်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ အကျဉ်းထောင်တွင် အရေးပေါ် ဆေးကုသခွင့်တောင်းဆိုမှုကို...
September 17, 2026
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၌ စစ်အုပ်စုတပ်က အဓမ္မစစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ...