Published
Sunday, February 04, 2018
မြန်မာဘာသာ အစီအစဉ် (ဖေဖော်ဝါရီလ ၀၄၊ ၂၀၁၈)
ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေထဲက ကရင်ပညာရေးဌာန-KED ကျောင်းတွေ အပါအဝင် ရောနှောအုပ်ချုပ်တဲ့ စာသင်ကျောင်းတချို့မှာ ကျောင်းသင်ထောက်ကူပစ္စည်းဆိုင်ရာ ထောက်ပံ့မှု အရေးတကြီး လိုအပ်နေတယ်လို့ ပြောဆိုပါတယ်။
ရခိုင်ပြည်နယ်မြို့နယ်တချို့မှာ ဆူပူမှုတွေဖြစ်နေလို့ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ ရခိုင်ရိုးရာရထားဆွဲပြိုင်ပွဲကို ဒီနှစ်မှာ မလုပ်ဘဲ လာမယ့်နှစ်မှသာ လုပ်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC စေတနာ့ဝန်ထမ်း ဆရာမ ၂ ဦး ရှမ်းပြည်နယ်မြောက်ပိုင်း ကောင်းခါးကျေးရွာမှာ အဓမ္မပြုကျင့် သတ်ဖြတ်ခံရတာ ၃ နှစ်ပြည့်ခဲ့ပါပြီ။ ဒါပေမယ့် ဆရာမ ၂ ဦးအတွက် တရားမျှတမှုက အခုချိန်ထိ မရသေးပါဘူး။






