Published
Sunday, February 04, 2018
ရခိုင်ဘာသာ အစီအစဉ် (ဖေဖော်ဝါရီလ ၀၄၊ ၂၀၁၈)
မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးဟောင်းဖြစ်တဲ့ ဦးဘိုဘိုမင်းသိုက်လုပ်ကြံခံရတာဟာ မြောက်ဦးဖြစ်စဉ်နဲ့မပတ်သက်ဘူးလို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ကို ရုံးထုတ်ရာမှာ အာဏာပိုင်တွေက မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးခဲ့ပါဘူး။
မြောက်ဦးမြို့နယ် အောက်စည်းမောင်းရွာမှာ ဆေးရုံ၊ ဆေးပေးခန်းတွေမရှိလို့ လူနာတွေဟာ အချိန်မီဆေးခန်းမပြနိုင်ဘဲ သေဆုံးမှုအထိ ဖြစ်နေကြရပါတယ်။






