မြန်မာ၊ ရှမ်းတော်လှန်ရေးစာတမ်းဖြင့် ဗိုလ်ချုပ်ကြီးယွက်စစ် မဟာဘွဲ့ဆွတ်ခူး

မြန်မာ၊ ရှမ်းတော်လှန်ရေးစာတမ်းဖြင့် ဗိုလ်ချုပ်ကြီးယွက်စစ် မဟာဘွဲ့ဆွတ်ခူး

ရှမ်း(သျှမ်း)ပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်သည် မြန်မာ၊ သျှမ်းတော်လှန်ရေး စာတမ်းဖြင့် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ မဟာသိပ္ပံဘွဲ့ကို ဇန်နဝါရီလ ၂၈ ရက်နေ့ ဆွတ်ခူးခဲ့သည်။

ထိုင်းနိုင်ငံ ဘန်ကောက်ခရိုင် ပထုမ်းထားနီး တက္ကသိုလ်တွင် ပြီးခဲ့သည့်တနင်္ဂနွေနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့က ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး မိသားစုနှင့်အတူ ထိုဒေသတဝိုက်ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် သျှမ်းပြည်သားရွှေ့ ပြောင်းအလုပ်သမားများက ဘွဲ့နှင်းသဘင်အခန်းအနားသို့ တက်ရောက်ကာ ဗိုလ်ချုပ်ကြီးယွက်စစ်အား အားပေးဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။

RCSS/SSA အတိုင်ပင်ခံပုဂ္ဂိုလ် စဝ်ပင်ခမ်းက – " ဥက္ကဌကြီးက ဒီ မဟာဘွဲ့အတွက် ၃ နှစ်တိတိအချိန်ယူ လေ့လာဆည်းပူးခဲ့ပါတယ်။ နိုင်ငံရေးနဲ့အုပ်ချုပ်ရေးပိုင်းဆိုင်ရာ မဟာဘွဲ့ဖြစ်ပါတယ်။ ဥက္ကဌကြီးဟာ မြန်မာပြည်နိုင်ငံရေးအခြေအနေ နဲ့ ပတ်တသက်တဲ့ တော်လှန်ရေးခရီး အကြောင်းကို စာတမ်းပြုစုပြီး ဒီမဟာဘွဲ့ရယူခဲ့တာ။ ပညာရေးမှာ တော်တော့ကို စိတ်အားထက်သန်တယ်။ မနားမနေ ကျောင်းချိန် တပတ် ၂ ရက် တလ ၈ ရက် သူမပျက်မကွက်ကျောင်းတက်ပြီး ဒီဘွဲ့ရလာတာပါ"- ဟု သျှမ်းသံတော်ဆင့်အား ပြောပြသည်။

ဖရဥုန်းဆွန်အမည်ရ ထိုင်းတော်ဝင်မင်းသမီးမှ အပ်နှင်းသည့်ဘွဲ့ကို ဗိုလ်ချုပ်ကြီးယွက်စစ် နှင့်အတူ B.A, M.A, Ph.D ဘွဲ့ ဆွတ်ခူးရရှိသူ ၂၈၃၀ ဦးတက်ရောက်လက်ခံပါသည်။

ဗိုလ်ချုပ်ကြီးယွက်စစ်သည် တော်လှန်ရေးခေါင်းဆောင်တဦးဖြစ်သော်ငြားလည်း – ပညာရေးပိုင်းအတွင် အထူး အားပေးကြောင်း၊ ၄င်းကိုယ်တိုင် ၄င်းလက်လှမ်းမှီသည့် အခြေခံအဆင့် ညကျောင်း၊ စာပေးစာယူကျောင်း၊ အဝေးသင်ကျောင်းများ ထိုင်းဘာသာ၊ အင်္ဂလိပ်ဘာသာများလည်းလေ့လာဆည်းပူးသည့်အပြင် တပည့် တပန်းများ၊ ထူးချွန်းသည့်သျှမ်းငယ်မောင်မယ်များ၊ ဘုန်းတော်ကြီးများ ပညာတော် သင်အများ အပြား ထောက်ပံ့ပေးခဲ့သည်။ ၄င်း၏ အထောက်အပံ့အဖြင့် ပညာဆည်းပူးနေသည့် ကျောင်းသား၊ ကျောင်းသူများလည်း အများအပြားရှိနေဆဲဖြစ်သည်။

June 1, 2026
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)...
May 30, 2026
သျှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လက်သမားခ တစ်နေ့လျှင့် ကျပ်ငွေ...
May 29, 2026
သျှမ်းပြည် နမ့်စန်မြို့နယ် ခိုလမ်မြို့အနီးသို့ ရောက်ရှိနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး...
May 28, 2026
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး...