Published
Sunday, January 28, 2018
ရခိုင်ဘာသာ အစီအစဉ် (ဇန်နဝါရီလ ၂၈၊ ၂၀၁၈)
မြောက်ဦးဖြစ်စဉ်နဲ့ပတ်သက်ပြီး ရခိုင်လူထုတောင်းဆိုနေတဲ့ ပြင်ပပုဂ္ဂိုလ်တွေပါဝင်တဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့ပေးဖို့ကိစ္စ ပြည်နယ်အစိုးရမှာ လုပ်ပိုင်ခွင့်မရှိဘူးလို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။
မြောက်ဦးဖြစ်စဉ်ကြောင့် ဒဏ်ရာအပြင်းအထန်ရပြီး ဆေးရုံတက်နေတဲ့လူနာတွေကို ရဲက လက်ထိပ်ခတ် ဖမ်းဆီးထားပါတယ်။
သာသနာတော်ထွန်းကားစေဖို့အတွက်ဆိုပြီး ရခိုင်တစ်ပြည်လုံးက ဆရာတော်၊ သံဃာတော်တွေ စာတမ်းဖတ်ခဲ့ကြပါတယ်။







