အစိုးရ၏ ၂၀၁၇ မြေသိမ်းဥပဒေကြမ်း ပြင်ဆင်ပေးရန် ကချင်မြေယာအရေး လုပ်ရှားသူများ တောင်းဆို

အစိုးရ၏ ၂၀၁၇ မြေသိမ်းဥပဒေကြမ်း ပြင်ဆင်ပေးရန် ကချင်မြေယာအရေး လုပ်ရှားသူများ တောင်းဆို

၂၀၁၇ အစိုးရ၏ မြေသိမ်းဥပဒေကြမ်းကို ပြင်ဆင်ပေးရန် ကချင်ပြည်နယ် မြေယာအရေး ဆောင်ရွက်နေသော အရပ်ဘက် အဖွဲ့အစည်းများ တောင်းဆိုလိုက်ကြောင်း သိရသည်။

အဆိုပါ ဥပဒေကြမ်းသည် ပြည်သူများ၏ မြေယာကို မတရား သိမ်းဆည်းမှု ဖြစ်စေနိုင်သဖြင့် ပြင်ဆင်စေလိုကြောင်း ဇန်နဝါရီ ၂၃ ရက်နေ့ ၄င်းတို့၏ ဆွေးနွေးပွဲကို ဦးဆောင်ခဲ့သူ မေတ္တာအဖွဲ့မှ ဦးဆိုင်းလီက ပြောကြားသည်။

“ကျွန်တော်တို့က ကိုယ့်ဓလေ့ထုံးတမ်း အစဉ်အလာနဲ့အညီ မြေအသုံပြုနေတာဖြစ်တယ်။ အခု အစိုးရ ပြန်လည်ပြင်ဆင်ထားတဲ့ ဥပဒေကြမ်းမှာတော့ ကျွန််တော်တို့ကို အသိမှတ်မပြုထားဘူး။ မြေယာ လုံခြုံရေးလည်း မပေးထားဘူး။ ကချင်ပြည်နယ်မှာ စစ်တပ်က သိမ်းဆည်းထားတဲ့ မြေယာ အများကြီးရှိတယ်။ စီးပွားရေးဇုန်အဖြစ် သိမ်းယူမှုတွေလည်း ရှိလာမှာပဲ။ အခု အစိုးရရဲ့ မြေသိမ်း ဥပဒေနဲ့ ကျွန်တော်တို့ရဲ့ မြေကို သိမ်းယူသွားမှာ စိုးရိမ်တယ်။ အခု ဥပဒေကြမ်းမှာ နစ်နာတဲ့ ကျွန်တော်တို့ဘက်က ပြန်လည် ခုခံမယ့် အခွင့်အရေးလည်း မပေးထားဘူး။”

ကချင်ပြည်နယ်ရှိ တောင်သူများ၊ နေရပ်စွန့်ခွာ စစ်ဘေးဒုက္ခသည်များ၊ မြေယာအရေးလုပ်ရှားသူများ စုစုပေါင်း အဖွဲ့ ၁၇ ခု၏ အလုပ်ရုံ ဆွေးနွေးမှ ယခုလို တောင်းဆိုလိုက်ခြင်း ဖြစ်ပါသည်။

၂၀၁၂ လယ်ယာမြေ ဥပဒေကို ပြင်ဆင်သည့် ၂၀၁၇ မြေသိမ်း ဥပဒေကြမ်းကို အကောင်ထည် ဖော်ခြင်းသည် လက်ရှိ တည်ဆောက်နေသော မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ထိခိုက် စေပြီး ပဋိပက္ခဘက်ကိုသာ တွန်းပို့စေနိုင်သောကြောင့် ပြဌာန်း အတည်ပြုခြင်း ကို ရပ်ဆိုင်းထားရန် လိုကြောင်း ထောက်ပြထားပါသည်။ 

ထို့ကြောင့် ဌာနေတိုင်းရင်းသား ဓလေ့ထုံးတမ်း၊ မြေယာအခွင့်အရေး အပါအဝင် ဘက်စုံလွမ်းခြုံနိုင်သော လူ့အခွင့်အရေးကို အခြေခံထားသည့် ပြည်သူ ဗဟိုပြုမြေပိုင်ဆိုင်မှု အာမခံပေးသည့် ဥပဒေ တစ်ရပ် ပြဌာန်းပေးရန် တောင်းဆိုထားသည်ကို တွေ့ရသည်။

ထို့အပြင် စစ်ဘေးဒုက္ခသည်များစွန့်ခွာသွားသော မြေယာများတွင် စိုက်ပျိုးရေး ကုမ္ပဏီများ ဝင်ရောက်လာမှုကို ကာကွယ်ရန် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ ယုဇန ကုမ္ပဏီမှ ဒေသခံများ၏ မြေယာ ဧက ၄ သိန်း ကျော် သိမ်းဆည်းထားမှု ရှိနေပြီး ၂၀၁၁ တစ်ကျော့ပြန် တိုက်ပွဲကြောင့် နေရပ်စွန်ခွာသွား သော ဒေသခံများ မြေယာများတွင်လည်း စိုက်ပျိုးရေး ကုမ္ပဏီများ ဝင်ရောက် နေရာယူမှု ရှိလာနေပါသည်။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...