နှစ်ပါတီပေါင်းစည်းမှုအထမြောက်ရန် အမြန်ဆုံးအကောင်အထည်ဖော်မည်ဟု မွန်နှစ်ပါတီပူးတွဲကြေညာ

နှစ်ပါတီပေါင်းစည်းမှုအထမြောက်ရန် အမြန်ဆုံးအကောင်အထည်ဖော်မည်ဟု မွန်နှစ်ပါတီပူးတွဲကြေညာ

တရားဝင်နိုင်ငံရေးလမ်းကြောင်းပေါ်တွင် တည်ရှိနေသည့် မွန်နှစ်ပါတီသည် ပေါင်းစည်းမှုအထမြောက်စေရန် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း (၇၁) ကြိမ်မြောက်မွန်အမျိုးသားနေ့ နှစ်ပါတီပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်ရမည့်အချိန်၊ မွန်လူထုများအကြား နိုင်ငံရေးသဘောသဘာဝကို နားလည်ရန်၊ မွန်ပါတီကိုသာမဲပေးဖို့ အမြင်ဝေဝါးယောင်မှားခြင်းမရှိစေရန်နှင့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအမှားမျိုး ထပ်မံမဖြစ်ပေါ်စေရန် တိုက်တွန်ထားသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် မွန်အမျိုးသားပါတီ MNP တို့ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့တွင် ပထမအကြိမ်ပူးတွဲကြေညာချက်ထုတ်ခြင်းဖြစ်ကြောင်း၊ ယခုနှစ် ကျရောက်မည့်မွန်အမျိုးသားနေ့ကို ထူးခြားသည့်ဝိသေသနှင့် ကြိုဆိုခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်နိဒါန်းတွင် ရေးသားထားသည်။

သို့ရာတွင် မည်သည့်အချိန်ကာလတွင် နှစ်ပါတီပေါင်းစည်းမှုအထမြောက်မည်ကို Road Map ဖြင့် အတိအလင်း ရေးသားဖော်ပြခြင်းမရှိသဖြင့် လူမှုကွန်ယက် Facebook အင်တာနက်စာမျက်နှာပေါ်တွင် အဆိုပါမွန်နှစ်ပါတီအား ဝေဖန်မှုများတိုးများလာသည်ကို တွေ့ရှိရသည်။

မွန်တို့၏ ဟံသာဝတီနေပြည်တော် တည်ထောင်ခဲ့သည့် တပို့တွဲလပြည့်ကျော် (၁) ရက်နေ့ကို အစွဲပြုပြီး မွန်အမျိုးသားနေ့ကိုသတ်မှတ်ကျင်းပခဲ့ရာ ယခုနှစ်တွင် အင်္ဂလိပ်ပြက္ခဒိန် ဖေဖော်ဝါရီ(၁) ရက်နေ့တွင် ကျရောက်မည်ဖြစ်သည်။

January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...