Published
Monday, January 22, 2018
မြန်မာဘာသာ အစီအစဉ် (ဇန်နဝါရီလ ၂၁၊ ၂၀၁၈)
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ ခေါင်းဆောင်တွေရဲ့ အရေးပေါ်အစည်းအဝေးမှာ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်ကို အကောင်အထည်ဖော်ဆောင်ရွက်ပြီးမှ တတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်မယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြုလုပ်တဲ့ နှစ် ၇၀ ပြည့် ကချင်ပြည်နယ်နေ့ ဆုတောင်းပွဲအခမ်းအနားမှာ ကချင်အမျိုးသားအလံလွှင့်ထူဖို့ ခွင့်ပြုချက် မရခဲ့ဘူးလို့ ပြောပါတယ်။
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ ကူးတို့စက်လှေမြုပ်လို့ ကျောင်းသူ နှစ်ယောက်နဲ့ စက်လှေမောင်းသမားတို့ ရေနှစ်သေဆုံးခဲ့ရပါတယ်။






