Published
Sunday, January 21, 2018
ရခိုင်ဘာသာ အစီအစဉ် (ဇန်နဝါရီလ ၂၁၊ ၂၀၁၈)
ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်ကို ပုဒ်မ (၃)ခုနဲ့ ရဲက ဖမ်းပြီး စစ်တွေထောင်မှာ ထိန်းသိမ်းထားလိုက်ပါတယ်။
လူ ၇ ယောက်သေပြီး ၁၂ ယောက်ဒဏ်ရာအပြင်းအထန်ရရှိစေခဲ့တဲ့ မြောက်ဦးမြို့က လူထုအုံကြွမှုဖြစ်စဉ်ကို အစိုးရအနေနဲ့ အမှုမှန်ဖော်ထုတ်ပေးဖို့ ရခိုင်လူထုက တောင်းဆိုနေကြပါတယ်။
ဘင်္ဂလားဒေ့ရှ်ကနေပြန်လည်ဝင်ရောက်လာမယ့် ရခိုင်ပြည်နယ်နေမူစလင်တွေကို မောင်တောမြောက်ပိုင်းမှာပဲ ပြန်လည်နေရာချထားပေးဖို့ ရခိုင်ဒေသခံတွေက တောင်းဆိုနေကြပါတယ်။






