UWSA ထိပ်ပိုင်းခေါင်းဆောင်တိုးချဲ့၊ ခေါင်းဆောင်မှုတွင် လူငယ်၊ လူလတ်များ အင်အားဖြည့်

UWSA ထိပ်ပိုင်းခေါင်းဆောင်တိုးချဲ့၊ ခေါင်းဆောင်မှုတွင် လူငယ်၊ လူလတ်များ အင်အားဖြည့်

‘၀’ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)၏ ဗဟိုတိုးချဲ့ အစည်းအဝေးတွင် ထိပ်ပိုင်းခေါင်းဆောင် နေရာများတိုးချဲ့ခန့်အပ်ခဲ့ခြင်းနှင့် ထိပ်ပိုင်းခေါင်းဆောင်နေရာအချို့ အပြောင်းအလဲ ပြုလုပ်ခဲ့သည်ဟု UWSP က ပြောသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ ပြုလုပ်ကျင်းပသည့် ဗဟိုတိုးချဲ့ အစည်းအဝေးတွင် ဒု-ဥက္ကဌ နှစ်ဦးတိုးချဲ့ခန့်အပ်ခဲ့သည်ဟု UWSP လားရှိုးဆက်ဆံရေးရုံးမှ ဒု-တာဝန်ခံ ဦးညီရန်းက ပြောသည်။

“ဥက္ကဌတော့ အပြောင်းအလဲ မရှိဘူး။ ဒုတိယ ဥက္ကဌ က နောက်ထပ်နှစ်ယောက်ထပ်တိုးတယ်လေနော်။ ဒုတိယ ဥက္ကဌက အရင်တုန်းက ဦးလျှောက်မင်းလျံှလေ၊ အခုက ဒုတိယ ဥက္ကဌက နောက်နှစ်ယောက်ထပ်တိုးတော့ ဦးကျောက်ကော်အန်း၊ ဦးပေါက်ယူလျန်ပေါ့နော်။ အခုက ဒုတိယ ဥက္ကဌက သုံးယောက်ပေါ့နော်။ ပါတီဗဟို ဒုတိယကော်မတီ အဖွဲ့ဝင်ထဲမှာလည်း လူငယ်၊ လူလတ်ပိုင်းတွေ ရာထူးတိုးမြှင့်ပေးတာ ရှိတယ်ပေါ့နော်”

ဦးကျောက်ကော်အန်းနှင့် ဦးပေါက်ယူလျန်တို့သည် ပြည်ပဆက်ဆံရေးဌာန ကြီးမှူးအဖြစ် UWSP တွင် ယခင်က တာဝန်ထမ်းဆောင်ခဲ့သည်။

ပါတီဗဟို ဒုတိယ ကော်မတီဝင်ထဲတွင််လည်း လူငယ်၊ လူလတ်ပိုင်းများအား ရာထူး တာဝန်များ တိုးမြှင့်ခန့်အပ်ခြင်းများအား လေးရက်ကြာ ကျင်းပပြုလုပ်ခဲ့သည့် ဗဟိုတိုးချဲ့ အစည်းအဝေးအပြီးတွင် ပြုလုပ်ခဲ့သည် ဟု ဦးညီရန်း က ပြောသည်။ UWSP တွင် ပါတီ ဗဟိုပေါ်လစ် ဗျူရို အမြဲတမ်း ကော်မတီ၊ ပါတီပေါ်လစ်ဗျူရို ကော်မတီ၊ ပါတီဗဟိုကော်မတီနှင့် ပါတီဗဟို ဒုတိယကော်မတီ ဟူ၍ဖွဲ့စည်းပုံ အဆင့်ဆင့်ရှိသည်။

လက်ရှိတွင် UWSP အား ဦးပေါက်ယူချန်းက ဥက္ကဌအဖြစ် တာဝန်ယူထားပြီး ပါတီဗဟိုပေါ်လစ်ဗျူရိုအမြဲ တမ်းကော်မတီ အဖွဲ့ဝင် ၉ ဦး၊ ပါတီဗဟိုပေါ်လစ်ဗျူရိုကော်မတီ အဖွဲ့ဝင် ၁၀ ဦး၊ ပါတီဗဟိုကော်မတီဝင် ၈ ဦးနှင့် ပါတီဗဟို ဒုတိယကော်မတီဝင်၂၁ ဦး ရှိသည်ဟု UWSP/UWSA က ပြောသည်။

အဆိုပါအစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍လည်း သဘောထားများ ချမှတ်ခဲ့သည်ဟု ဦးညီရန်းက ဆက်ပြောသည်။

“နိုင်ငံ ရေးကြောင့်ဖြစ်တဲ့ ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းဖို့၊ လက်နက်နဲ့ ဖြေရှင်းတာကို ဆန့်ကျင်တယ်၊ အချင်းချင်း စစ်ရေးအရ ဖိအားပေးတာတွေကိုလည်း ကျနော်တို့ ဆန့်ကျင်တယ်ပေါ့နော်၊ နိုင်ငံတော်အစိုးရနဲ့လည်း ယုံကြည်မှုတည်ဆောက်မယ်၊ ပူးပေါင်းဆောင်ရွက်မယ်ဆိုပြီး ယေဘုယျ ချမှတ်ထားတာတွေ ရှိတယ်”

UWAP/UWSA အနေဖြင့် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခများအား ကန့်ကွက်သည်ဟု ပြောသည်။

ဗဟိုတိုးချဲ့အစည်းအဝေးအား “ဝ” ပြည်ပန်ဆန်းတွင် လေးရက်ကြာကျင်းပပြီးနောက် ယခုလ ၁၅ ရက်နေ့မှ စတင်ကာ UWSP/UWSA ၏ နှစ်ချုပ် အစည်းအဝေးအား ဆက်လက်ကျင်းပနေသည်ဟု သိရသည်။

UWSP/UWSA အနေဖြင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့်အတူ ငြိမ်းချမ်းရေးအတွက် NCA မဟုတ်သည့် နိုင်ငံရေးလမ်းကြောင်းသစ်ဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ရန် ဆုံးဖြတ်ထားသည်။

April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...
April 3, 2024
ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ထဲက ကျေးရွာတစ်ရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့ က ၃...