မွန်ပြည်သစ်ပါတီနယ်မြေအတွင်း သစ်မှောင်ခိုဂိုဏ်းတစ်ခုအား ဖမ်းဆီးထိန်းသိမ်း

မွန်ပြည်သစ်ပါတီနယ်မြေအတွင်း သစ်မှောင်ခိုဂိုဏ်းတစ်ခုအား ဖမ်းဆီးထိန်းသိမ်း
သစ်ခုတ်လှဲနေသည့်နေရာတစ်ခု(photo: Internet)
သစ်ခုတ်လှဲနေသည့်နေရာတစ်ခု(photo: Internet)

ရေးမြို့နယ်အတွင်းရှိ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်း အင်အား ၅၀ နီးပါးခန့်ရှိ သစ်မှောင်ခိုဂိုဏ်းတစ်ခုကို မွန်ပြည်သစ်ပါတီတပ်ဖွဲ့များက ဇန်နဝါရီ ၁၂-၁၃ ရက်နေ့များတွင် ဖမ်းဆီးထိန်းသိမ်းရမိကြောင်း မွန်ပြည်သစ်ပါတီဗဟိုမှ သိရသည်။

၄င်းသစ်မှောင်ခိုဂိုဏ်းမှ ဘူဒိုဇာတစ်လုံး၊ ဆင်များ၊ လက်ကိုင််သစ်ခွဲလွှစက်များနှင့်အတူ ခုတ်လှဲပြီးသစ်တန်ချိန်တစ်ထောင်ခန့် ဖမ်းဆီးရမိသည်ဟု မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ပြောသည်။

အဆိုပါ ဖမ်းဆီးရမိထားသည့် သစ်မှောင်ခိုဂိုဏ်း အလုပ်သမားများ၏ ထုတ်ဖော်ပြောဆိုချက်အရ ၄င်းတို့သည် တောင်ငူဒေသနှင့် ဧရာဝတီတိုင်းဒေသကြီးမှ လာရောက်ကြသူများဟု သိရပြီး သစ်မှောင်ခိုခေါင်းဆောင်နှင့် အဖွဲ့ကိုလည်း ဆက်လက်ရှာဖွေဖော်ထုတ်သွားမည်ဟု ၄င်းမွန်ပြည်သစ်ပါတီခေါင်းဆောင်က ဆိုသည်။

ရေး-ထားဝယ်အဝေးပြေးမော်တော်ကားလမ်းအရှေ့ဖက်ခြမ်း မွန်ပြည်သစ်ပါတီ၏ဗဟိုဌာနချုပ်ဝန်းကျင်ဒေသတဝိုက် မာန်အောင်တောင်၏အရှေ့ဖက် သစ်တောဧရိယာများအတွင်း ၂၀၁၀ ခုနှစ်ကတည်းက မွန်ပြည်သစ်ပါတီမှ သစ်ထုတ်လုပ်ခွင့် ပိတ်ပင်တားမြစ်ခဲ့ကြောင်း သိရသည်။

ထို့အတူ မြန်မာနိုင်ငံတွင် တရားဝင်ရော၊ တရားမဝင်ပါ သစ်ခုတ်လှဲသည့်အတွက် သစ်တောပြုန်းတီးကာကွယ်နိုင်ရန် NLD အစိုးရသစ် လက်ထက်၌ သစ်ခုတ်လှဲခွင့်ကို ယာယီတားမြစ်ထားသည်။

January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...