မွန်ပြည်သူ့ညီလာခံသို့ MNP နှင့် AMDP ပါတီမတက်

မွန်ပြည်သူ့ညီလာခံသို့ MNP နှင့် AMDP ပါတီမတက်
ပါတီဝင်များ ညီလာခံမတက်ရောက်ရန် MNP ၏အကြောင်းကြားစာ(Copy)
ပါတီဝင်များ ညီလာခံမတက်ရောက်ရန် MNP ၏အကြောင်းကြားစာ(Copy)

လာမည့် ဇန်နဝါရီလ ၁၃ ရက်နှင့် ၁၄ ရက်နေ့တွင် မွန်ပါတီပေါင်းစည်းမှု ညှိနှိုင်းရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မွန်အမျိုးသားကိုယ်စားပြု နိုင်ငံရေးပါတီတစ်ခု ဖွဲ့စည်းပေါ်ပေါက်နိုင်ရေး မွန်ပြည်သူ့ညီလာခံတစ်ရပ် ကျင်းပ မည်ကို တရားဝင်နိုင်ငံရေးပါတီများဖြစ်သည့် မွန်အမျိုးသားပါတီ (MNP) နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ပါတီတို့ မတက်ကြောင်းသိရသည်။

မွန်တစ်မျိုးသားလုံး ညီညွတ်ရေးထက် ပြိုကွဲရေးကိုဦးတည်နေပြီး မွန်အမျိုးသားတစ်ရပ်လုံးအပေါ် ဆိုးကျိုးသာဖြစ်ပေါ်စေမည့် ယင်းညီလာခံကို မွန်အမျိုးသားပါတီအနေဖြင့် အသိအမှတ်မပြုနိုင်ကြောင်း မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“ ပါတီရဲ့ ဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ ဒီညီလာခံကိုမတက်ဘူး၊ ဘာကြောင့်လဲ ဆိုတော့ ပြည်သူ့ညီလာခံဆိုတာ မွန်တစ်မျိုးသားလုံးနဲ့သက်ဆိုင်တဲ့အတွက် အားလုံးပူးပေါင်းပါဝင်သင့်တယ်၊ ဒါမှညီလာခံဆိုတဲ့အဂါင်္ရပ်နဲ့ညီမယ်လေ၊ အခုကညီညွတ်ရေးအဖွဲ့တစ်ခုတည်းနဲ့နဲ့ပဲ ညီလာခံကျင်းပသွားမယ် ဆိုတာက မဖြစ်သင့်ဘူး” ဟု နိုင်လယီတမက ပြောသည်။

MNP ပါတီဝင်များအားလုံး မွန်ပြည်သူ့ညီလာခံသို့ တက်ရောက်ခြင်းမပြုရန် ဇန်နဝါရီလ ၈ ရက်နေ့က သတိပေးစာ တစ်စောင်ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

အလားတူ မွန်ဒေသလုံးဆိုရာဒီမိုကရေစီပါတီလည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်နေ့ကကျင်းပသည့် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အစည်းအဝေး ဆုံးဖြတ်ချက်အရ ၄င်းညီလာခံကိုတက်ရောက်မည်  ဟုတ်ကြောင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။

“မွန်ဒေသလုံးဆိုရာဒီမိုကရေစီပါတီအနေနဲ့ ညီညွတ်ရေးအဖွဲ့ကိုအသိအမှတ်မပြုတဲ့အတွက် သူတို့အဖွဲ့ ဦးဆောင်ကျင်းပတဲ့ညီလာခံကိုလည်း ကျွန်တော်တို့လက်မခံနိုင်ဘူး”ဟု အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုးက ပြောသည်။

ညီညွတ်ရေးအဖွဲ့မှကျင်းပသည့်ညီလာခံသည် မွန်တစ်မျိုးသားလုံးကိုကိိုယ်စားမပြုသည့်အပြင် ဒီမိုကရေစီစံနှုန်း၊ လုပ်နည်းလုပ်ဟန်မှသွေဖည်နေသည့် ညီလာခံတစ်ခုသာဖြစ်သည့်အတွက် မွန်ဒေသလုံးဆိုရာဒီမိုကရေစီ အနေဖြင့် ကိုယ်စားလှယ်စေလွှတ်မည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

သို့ရာတွင် မွန်ပြည်သစ်ပါတီမှ ကျင်းပရေးကော်မတီအဖွဲ့ဝင်တစ်ဦးသာအမည်စာရင်းပေးပို့ထားသော်လည်း အဆိုပါပြည်သူ့ညီလာခံသို့ တက်ရောက်မည် မတက်ရောက်မည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

“မွန်နိုင်ငံရေးပါတီတွေက သူတို့ပါတီရဲ့ မူဝါဒနဲ့ သူတို့သွားနေတယ်ဆိုတော့ သူတို့ရဲ့ဆုံးဖြတ်ချက်အရ ဒီညီလာခံ မတက်တာက မမှားဘူးလို့ မြင်တယ်ပေါ့လေ” ဟု မွန်အမျိုးသားအရေးလှုပ်ရှားသူ နိုင်ဗညာဂဂျော့က ပြောသည်။

မွန်ပြည်သူ့ညီလာခံကို လာမည့်ဇန်နဝါရီလ ၁၃ ရက်နှင့် ၁၄ ရက်နေ့တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ သာသနာ ၂၅၀၀ ဓမ္မာရုံ၌ ကိုယ်စားလှယ် ၇၀၀ ကျော်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...