Published
Friday, January 05, 2018
ချင်းဘာသာ အစီအစဉ် (ဇန်နဝါရီလ ၀၅၊ ၂၀၁၈)
ချင်းပြည်နယ် လွှတ်တော်အဆောက်အဦးသစ် တည်ဆောက်မှု ၄၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပါတယ်။
ချင်းပြည်နယ်မှာ အခွန်ပေးဆောင်သူတွေ ၁၀ ယောက်မှာ ၆ ယောက်လောက်ပဲရှိတယ်လို့ ပြည်နယ်စည်ပင်ညွှန်ကြားရေးမှူးက ပြောပါတယ်။
တောင်ဇလပ်ပန်း၊ ချယ်ရီနဲ့ ရှားပါးသားငှက်တိရိစ္ဆာန်တွေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားမယ်လို့ နှစ်သစ်မှာ ချင်းပြည်နယ်ဝန်ကြီးချုပ်က ကတိပြုခဲ့ပါတယ်။
ဒေသန္တာရဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး လွှတ်တော်ရဲ့ဆုံးဖြတ်ချက်တွေကို အစိုးရအဖွဲ့ရဲ့အကောင်အထည်ဖော်မှုကို အားမရဘူးလို့ လွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။






