နိုင်ငံရေးပါတီများအစုအဖွဲ့ စီးပွားရေးဆိုင်ရာမူဝါဒအလုပ်ရုံဆွေးနွေးပွဲ စက်စဲကမ်းခြေတွင်ကျင်းပမည်

နိုင်ငံရေးပါတီများအစုအဖွဲ့ စီးပွားရေးဆိုင်ရာမူဝါဒအလုပ်ရုံဆွေးနွေးပွဲ စက်စဲကမ်းခြေတွင်ကျင်းပမည်

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အဖွဲ့ဝင် နိုင်ငံရေးပါတီအစုအဖွဲ့ ၂၃ ပါတီတို့၏ စီးပွားရေးဆိုင်ရာမူဝါဒအလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ဒီဇင်ဘာ ၂၀ ရက်နေ့မှစတင်ပြီး မွန်ပြည်နယ် စက်စဲကမ်းခြေရှိ 21 Paradise  ဟိုတယ်၌ ၃ ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း စီစဉ်သူများထံမှသိရသည်။

“UPDJC မှာပါတဲ့စီးပွားရေးကဏ္ဍဆိုင်ရာဆွေးနွေးပွဲပေါ့၊ အဓိကတော့ ဖက်ဒရယ်စီးပွားရေးနဲ့ ဒေသန္တ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်တဲ့ အခြေခံမူတွေကို နိုင်ငံရေးပါတီ ၂၃ ပါတီက သီးသန့်ဆွေးနွေးကြတာပေါ့” ဟု UPDJC အတွင်းရေးမှူးအဖွဲ့ဝင် မင်းဇေယျာဦး( မွန်အမျိုးသားပါတီ MNP) က ပြောသည်။  

UPDJC ချမှတ်ထားသော နိုင်ငံရေးမူဘောင်အရ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာသယံဇာတနှင့် လုံခြုံရေးကဏ္ဍများကို နိုင်ငံရေးပါတီအစုအဖွဲ့ ၂၃ ပါတီတို့က ကဏ္ဍအလိုက်ခွဲ၍ သီးသန့်ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

“နိုင်ငံရေးပါတီအစုအဖွဲ့ကတော့ ပြီးခဲ့တဲ့ ၆ လအတွင်း UPDJC ဒုတိယအစည်းအဝေးနောက်ပိုင်းမှာ ကဏ္ဍတစ်ခုကို တစ်ကြိမ်စီဆွေးနွေးခဲ့ကြတယ်၊ ဒီတစ်ကြိမ်ကတော့ စီးပွားရေးကဏ္ဍဆွေးနွေးတဲ့ Workshop ဖြစ်တာပေါ့နော်” ဟု  မင်းဇေယျာဦးက ဆက်ပြောသည်။  

နိုင်ငံရေးပါတီအစုအဖွဲ့ ၂၃ ပါတီအနေဖြင့် အလားတူအလုပ်ရုံဆွေးနွေးပွဲများကို ရန်ကုန်မြို့မှာသာမကဘဲ နယ်များတွင်သွားရောက်လုပ်ဆောင်ရခြင်းမှာ ဒေသခံပြည်သူများနှင့် သတင်းထောက်များအား ထိတွေ့ခွင့်ရရှိသဖြင့် ဒေသအခြေအနေများကို လူထုများနှင့်ဆွေးနွေးနိုင်မှာဖြစ်သလို ၄င်းတို့၏ခံစားချက်ကိုလည်း နီးနီးကပ်ကပ်လေ့လာနိုင်မည်ဖြစ်ကြောင်း သူကယုံကြည်သည်။  

အဆိုပါအလုပ်ရုံဆွေးနွေးပွဲ Workshop ပထမပိုင်း ၂ ရက်တွင် ပြည်တွင်းနှင့် နိုင်ငံတကာမှပညာရှင်တို့၏ အတွေ့အကြုံများကို မျှဝေသည့်အစီအစဉ်နှင့် နောက်ဆုံးရက်တွင် နိုင်ငံရေးပါတီ ၂၃ ဖွဲ့တို့၏သဘောထားအမြင်ကို စုစည်းသည့်အစည်းအဝေးကျင်းပ၍ ဆုံးဖြတ်အတည်ပြုချက်ရယူကာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ UPC သို့ စာတမ်းအဖြစ်တင်သွင်းသွားမည်ဟု သိရသည်။

သို့ရာတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေးအား လာမည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့တွင် ၅ ရက်ကြာကျင်းပရန်လျာထားသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုချက်မရသေးပေ။

January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...