အစိုးရ၊ တပ်မတော်ခေါင်းဆောင်များနှင့် တွေ့ဆုံရန် အကြိုညှိနှိုင်း

အစိုးရ၊ တပ်မတော်ခေါင်းဆောင်များနှင့် တွေ့ဆုံရန် အကြိုညှိနှိုင်း

အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ DPN ခေါင်းဆောင်များ အလွတ်သဘောတွေ့ဆုံဆွေးနွေးရန် ယနေ့ (ဒီဇင်ဘာလ ၁၆ ရက်နေ့ ) နေ့လည် ပိုင်းတွင် DPN ဒုအဖွဲ့ခေါင်းဆောင် နိုင်အောင်မငေး ဦးဆောင်သော အဖွဲ့သည် ထိုင်းနိုင်ငံ ချင်းမိုင် မြို့မှ လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ထွက်ခွာသွားသည်။

ယခု ခရီးစဉ်သည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရန် အတွက် အကြိုညှိနှိုင်းမှုများ ဆောင်ရွက်ရန်ဖြစ်သည်ဟု အမည်မဖော်လိုသည့် တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးမှ ပြောသည်။

"သူတို့သွားတာက ဒေါ်အောင်ဆန်းစုကြည် နဲ့ ကာချူပ် တို့ကို UNFC ခေါင်းဆောင်တွေ တွေ့ဆုံဖို့ အကြိုညှိနှိုင်းမှုတွေလုပ်ဖို့ သွားကြတာပါ။ မနက်ဖြန်မှာ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ညှိကြမှာပေါ့။ တခြားတော့ မရှိပါဘူး။ "ဟု တိုင်းရင်းသားခေါင်းဆောင်တစ်ဦးမှပြောဆိုသည်။

ဒီကိစ္စနှင့် ပတ်သက်၍ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ ပြောရေးဆိုခွင့် ရှိသူများအား ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့ပေမယ့် တယ်လီဖုန်းကိုင် ဖြေဆိုခဲ့ခြင်း မရှိပါ။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ သည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံဆွေးနွေးသွားရန် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည့် UNFC ဗဟိုအလုပ်အမှုဆောင် ကော်မတီတိုးချဲ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ပြီး အဲ့ဒီရက်မှာပင် သီးခြားစီ တွေ့ဆုံနိုင်ရန် စာ ၂ စောင် ပေးပို့ခဲ့သည်။

UNFC အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန်အတွက် တွေ့ဆုံနိုင်ရေး တောင်းဆိုမှုမှာ ၁၀ ရက် အတွင်း ပြန်လည်အကြောင်းပြန်ကြားပေးရန် မေတ္တာရပ်ခံခဲ့ပြီးနောက် ငြိမ်းချမ်းရေးကော်မရှင်မှ အကြိုညှိနှိုင်းမှုများပြုလုပ်ရန် ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့က UNFC နှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်တို့ နဝမ အကြိမ် တွေ့ဆုံရန် ကြိုတင်စီစဉ်ထားသော်လည်း တပ်မတော်သား ကိုယ်စားလှယ်များနှင့် UNFC ၏ DPN ခေါင်းဆောင်များ အကြား ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံ တည်ဆောက်သွားရန် ဆိုသည့် စာသားအား ညှိနှိုင်းမရ ဖြစ်ခဲ့သည့်အတွက် တွေ့ဆုံပွဲမှာ ပျက်ပြယ်ဲ့သည်။

 

Most read this week

April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...
April 3, 2024
ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ထဲက ကျေးရွာတစ်ရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့ က ၃...