တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအုပ်စုများ တွေ့ဆုံ

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအုပ်စုများ တွေ့ဆုံ

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း အုပ်စု ၃ ခု ဖြစ်နေသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ ဒီဇင်ဘာ ၉  ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘောတွေ့ဆုံခဲ့ကြသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုုပ် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ NCA လက်မှတ်ရေးထိုးရေးအတွက် အချက် ၈ ချက် ညှိုနှိုင်းနေသည့် ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC နှင့် NCA နည်းလမ်းဖြင့်မဟုတ်ပဲ အခြားနည်းလမ်းဖြင့် ငြိမ်းချမ်းရေးကို ရယူမည်ဟု ကြေညာထားသော ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိုနှိုင်းရေး ေကာ်မတီ FPNCC တိုု့မှ ခေါင်းဆောင်အချို့ တွေ့ဆုံခဲ့ကြခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် တိုင်းရင်းသား ခေါင်ဆောင်တစ်ဦးက ပြောသည်။

“တွေ့တာတော့ သေချာပါတယ်။ ဘာတွေဆွေးနွေးတာကတော့ အသေအချာ မသိရဘူးပေါ့။ သူတို့ငြိမ်းချမ်းရေး အကြောင်းဆွေးနွေးတယ်လို့ပဲ ကြားရပါတယ်။”

အခြားခိုင်လုုံသော သတင်းတစ်ရပ်အရ ယင်းတွေ့ဆုံနွေးဆွေးပွဲသို့ UNFC က နိုင်ဟံသာ ဦးဆောင်သည့် ကိုယ်စားလှယ်များ၊ အပစ်ရပ်ထားသည့်  EAOs များဘက်က ဗိုလ်ချုပ်ကြီး ယွတ်စစ် ဦးဆောင်သည့်အဖွဲ့နှင့် FPNCC က ဗိုလ်ချုပ်ကြီး အင်ဘန်လ တို့ တက်ရောက် ခဲ့ကြသည်။

၎င်းတို့ တွေ့ဆုံရာတွင်  မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ်နေသည့် နောက်ဆုံး ငြိမ်းချမ်းရေး အခြေအနေ၊ ရှေ့ဆက်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို သုံးသပ်ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း အုပ်စုကြီး ၃ ခု၏ ယခုတွေ့ဆုံမှုသည် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။

Most read this week

September 19, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ရွာစဉ်ပတ်၍ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်က ကျောက်ပြင်...
September 19, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်များကို စစ်အုပ်စုတပ်က ဆက်တိုက်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ အကျဉ်းထောင်တွင် အရေးပေါ် ဆေးကုသခွင့်တောင်းဆိုမှုကို...
September 17, 2026
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၌ စစ်အုပ်စုတပ်က အဓမ္မစစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ...