မြစ်ကြီးနားခရိုင် အတွင်း နှုတ်ခမ်း၊ အာခေါင်ကွဲ လူနာများကို အခမဲ့ခွဲစိတ်ကုသ ပေးမည်

မြစ်ကြီးနားခရိုင် အတွင်း နှုတ်ခမ်း၊ အာခေါင်ကွဲ လူနာများကို အခမဲ့ခွဲစိတ်ကုသ ပေးမည်

မြစ်ကြီးနားခရိုင်အတွင်း နှုတ်ခမ်း၊ အာခေါင်ကွဲ သည့် လူနာများကို လာမည့် ဇန်နဝါရီလ အတွင်း မြစ်ကြီးနား ပြည်သူ့ဆေးရုံတွင် အခမဲ့ ခွဲစိတ်ကုသ ပေးသွားမည် ဖြစ်သည်။

ဇန်နဝါရီ ၁၁ မှ ၁၄ ရက် အထိ ခွဲစိတ်ပေးမှာ ဖြစ်ပြီး ကုသ ခံယူလိုသော သူများမှာ ဒီဇင်ဘာ ၁၅ ရက် နောက်ဆုံးထား မြစ်ကြီးနားခရိုင်အတွင်း မိခင် နှင့် ကလေးစောင့်ရှောက်ရေး ဌာနများတွင် စာရင်း ပေးသွင်းနိုင်ပြီ ဖြစ်သည်။

မန္တလေး သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ မေးရိုးနှင့်ခံတွင်း ပါမောက္ခဒေါက်တာကြူကြူဆွေဝင်းနှင့်အဖွဲ့က ပထမဆုံးအကြိမ် လာရောက် ကုသပေးမှာ ဖြစ်ကြောင်း မြစ်ကြီးနားဆေးရုံ သွားနှင့်ခံတွင်းဌာနမှ ဒေါက်တာဆိုင်းတူးမိုင် က ပြောသည်။

“ကချင်ပြည်နယ် မြစ်ကြီးနားဘက်က လူနာများ မန္တလေးဘက်ကို တကူးတက သွားရောက်ခွဲစိတ်တာများ နေတယ်တဲ့။ တစ်ယောက်ချင်းသွားကုတာ စားရိတ်စားခ များတဲ့အတွက် သူတို့အဖွဲ့လိုက် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ကူညီမှုနှင့် လာရောက်ခွဲစိတ်ပေးမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ဒေသမှာ လာကု ပေးတာ ဖြစ်တဲ့အတွက် အားလုံးသွားကုနိုင်ရင် ကောင်းပါတယ်။”

ပထမဆုံးအကြိမ်ဖြစ်သောကြောင့် မြစ်ကြီးနားခရိုင်၌သာ အကြောင်းကြား ကြေငြာထားသည်ဟု သိရသည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...