Published
Monday, December 04, 2017
ရခိုင်ဘာသာ အစီအစဉ် (ဒီဇင်ဘာလ ၀၃၊ ၂၀၁၇)
ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ဟာ ပါတီကနေ နုတ်ထွက်ခွင့်တောင်းလိုက်ပါတယ်။ သူ့ကို နုတ်ထွက်ခွင့်ပေးဖို့၊ မပေးဖို့ဆိုတာနဲ့ပတ်သက်ပြီး ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေက အရေးပေါ်အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်သွားမယ်လို့ပြောပါတယ်။
ရခိုင်ပြည်ကထွက်တဲ့ သဘာဝသယံဇာတတွေကို ရခိုင်ပြည်က စီမံခန့်ခွဲပိုင်ခွင့်ရရှိဖို့ ကျင်းပဆဲ ပြည်နယ်လွှတ်တော်မှာ တောင်းဆိုလိုက်ပါတယ်။
တောင်ကုတ်မြို့မှာ အခုနောက်ပိုင်း နွားမွေးတဲ့သူတွေ ပိုများလာတာ ဘာကြောင့်လဲ။






