RCSS/SSA စစ်သည်များအတွက် တရုတ်နိုင်ငံရောက် ရှမ်းရွှေ့ပြောင်းအလုပ်သမားများ ငွေနှင့်ပစ္စည်းများစုပေါင်းထောက်ပံ့

RCSS/SSA စစ်သည်များအတွက် တရုတ်နိုင်ငံရောက် ရှမ်းရွှေ့ပြောင်းအလုပ်သမားများ ငွေနှင့်ပစ္စည်းများစုပေါင်းထောက်ပံ့

တရုတ်နိုင်ငံအတွင်းရောက်ရှိအလုပ်လုပ်ကိုင်နေသော သျှမ်း(ရှမ်း)ပြည်သား ရွှေ့ပြောင်းအလုပ်သမားများစုပေါင်းကာ သျှမ်းပြည်တပ်မတော် RCSS/SSA အတွက် ကျပ်ငွေ သိန်း ၆၀ ခန့်ရှိ ငွေနှင့်ပစ္စည်းများ တာဝန်ရှိသူများထံ ပေအပ်ခဲ့သည်ဟုသိရသည်။

တရုတ်ယွမ်ငွေ ၂၉၀၀၀ (မြန်မာငွေတန်ဖိုးကျပ်သိန်း ၆၀ နီးပါး) တန်ဖိုးရှိ အဝတ်အစားများ၊ ရိက္ခာများ၊ အသုံးအဆောင်ပစ္စည်းများကို RCSS/SSA တပ်ထုများအတွက် နို၀င်ဘာလ ၂၃ ရက်နေ့က ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“သျှမ်းရွှေ့ပြောင်းအလုပ်သမားများစုပေါင်းဖွဲ့စည်းထားသည့် သျှမ်းအမျိုးသားရေးကူညီထောက်ပ့ံရေးအဖွဲ့၏ အမှုဆောင်အဖွဲ့ဝင်တဦးက – ကျနော်တို့ ဒီဘက်မှာအလုပ်လာလုပ်တဲ့ သျှမ်းအဖွဲ့ကနေ RCSS/SSA ကို အဝတ်အစားတွေ အစားအသောက်တွေကို တတ်စွမ်းသလောက်အင်အားလေးနဲ့ ကူညီထောက်ပံ့မှုပေး အပ်လာတာ ရ ကြိမ်မြောက်ရှိပါပြီ။ ကျနော်တို့ သျှမ်းအမျိုးသားရေးအတွက် လုပ်နေတဲ့သူတွေ စိတ်ဓါတ်ခွန် အားတွေ ပိုမိုထက်သန်လာစေဖို့အတွက်ရည်ရွယ်ပါတယ်။ ကျနော်တို့ သူများဆီမှာ အလုပ်လာလုပ်နေပေမယ့်လည်းဘဲ ကိုယ့်အမျိုးသားရေးအတွက်လုပ်နေတဲ့ ပုဂ္ဂိုလ်တွေကိုမမေ့ပါဘူး ဆိုတာကိုပြချင်တဲ့သဘောနဲ့ တတ်စွမ်းနိုင်သလောက် မိမိခွန်အားနဲ့ရင်းပြီး ရလာတဲ့ငွေလေးတွေ ကို စုပေါင်းပြီး တတ်နိုင်တဲ့ဘက်က ကူညီထောင်ပံ့တာပါ”- ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

တရုတ်နိုင်ငံအတွင်းရောက်ရှိအလုပ်လုပ်ကိုင်နေသော သျှမ်းအဖွဲ့အနေဖြင့် လာမည့်နှစ်များတွင်လည်း အလှူငွေများစုစည်းကာ အမျိုးသားရေးအတွက်ဆက်လက်ထောက်ပ့ံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံဘက်တွင်လည်း ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်သည့် ကူညီထောက်ပံ့မှု အသင်းဖွဲ့စည်းကာ ကူညီထောက်ပံ့မှုအတွက်ရလာသည့်ငွေကြေးများ၊ ပစ္စည်းများ၊ ဆန်ဆီ၊ ဆားများ လစဉ်လတိုင်း RCSS/SSA လွိုင်တိုင်းလျဲန်း ဌာနချုပ်သို့ လစဉ် ထောက်ပံ့အပ်နှံမှုများ ရှိသည်။

Most read this week

April 23, 2024
စစ်ပွဲဇုန်းအတွင်း ကျရောက်နေသည့် ဆီဆိုင်မြို့ထဲသို့ စစ်ဘေးရှောင်များကို စစ်ကောင်စီက...
April 22, 2024
ကရင်နီ (ကယား) ပြည် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာကို ယမန်နေ့ (ဧပြီလ ၂၀ )ရက် မွန်းလွဲ ၂...
April 22, 2024
သျှမ်းပြည် မူဆယ်မြို့တွင် UID ခေါ် စမတ်ကတ်များ ပြုလုပ်ရန် ဒေသခံပြည်သူ ထောင်နှင့်ချီ...
April 18, 2024
နှစ်သစ်ကူးတဲ့ ဒီနှစ်တန်ခူးလ အတာသင်္ကြန်မှာ နွေဟာ မနှစ်ကထက် ပိုပူလာတယ်။ ရွက်ဝါတွေလည်း...