အိန္ဒိယ-မြန်မာဒေသတွင်း သတင်းမီဒီယာဆက်ဆံရေးဆွေးနွေးပွဲကျင်းပခဲ့

အိန္ဒိယ-မြန်မာဒေသတွင်း သတင်းမီဒီယာဆက်ဆံရေးဆွေးနွေးပွဲကျင်းပခဲ့
မြန်မာသတင်းစာဆရာအဖွဲ့၊ အိန္ဒိယသတင်းစာဆရာများ၊ မဏိပူရပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သောအစိုးရအဖွဲ့ဝင်များ(photo: MNA)
မြန်မာသတင်းစာဆရာအဖွဲ့၊ အိန္ဒိယသတင်းစာဆရာများ၊ မဏိပူရပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သောအစိုးရအဖွဲ့ဝင်များ(photo: MNA)

မြန်မာနိုင်ငံသတင်းကောင်စီ MPC  ဦးဆောင်သောသတင်းဆရာများနှင့် အိန္ဒိယနိုင်ငံသတင်းကောင်စီ Press Council of India နှစ်ဖက်ကိုယ်စားလှယ်များက နှစ်နိုင်ငံဒေသတွင်း မီဒီယာဆက်ဆံမှု ပိုမိုတိုးတက်စေရေးအတွက် ရည်ရွယ်ပြီး အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် အင်ဖာမြို့၌ ၂ ရက်တာ ဆွေးနွေးပွဲကျင်းပခဲ့သည်။

အဆိုပါ 2-Day Inter-Regional Media Interaction Programme Between Myanmar and India ခေါင်းစဉ်ဖြင့် နိုဝင်ဘာ ၂၇-၂၈ ရက်က Sangai Hall, Hotel Imphal ၌ ကျင်းပခဲ့ရာတွင် မြန်မာသတင်းစာဆရာအဖွဲ့၊ အိန္ဒိယသတင်းစာဆရာများ၊ မဏိပူရပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သောအစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။

မြန်မာသတင်းဆရာများ ဦးဆောင်သူ ဒေါက်တာ ဇော်သန်းက “အခု ကျနော်တို့ တက်ရောက်ခဲ့တဲ့ဆွေးနွေးပွဲမှာ နှစ်နိုင်ငံ မီဒီယာဆက်ဆံရေး ပိုပြီးတော့ကောင်းမွန်လာလိမ့်မယ်လို့မြင်တယ်၊ ကျနော်တို့ကိုလည်း နိုင်ငံတော်အဆင့်နဲ့တာဝန်ယူရတာကို ဂုဏ်ယူပါတယ်၊ ဒီလိုပွဲမျိုးတွေမှာ ဦးဆောင်ဆွေးနွေးသူ၊ ပါဝင်ဆွေးနွေးသူမှာ ပါဝင်နေတဲ့အတွက် အတွေ့အကြုံတွေ ပိုပြီးရတာပေါ့” ဟု ပြောသည်။

ယခုဆွေးနွေးပွဲသည် အိန္ဒိယသတင်းမီဒီယာကောင်စီမှ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ ပထမအကြိမ်ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ မီဒီယာဆွေးနွေးပွဲများကို မြန်မာနိုင်ငံတွင်လည်း ဆက်လက်ကျင်းပရန်မည့်အလားအလာရှိကြောင်း၊ တဖက်တွင်လည်း မြန်မာသတင်းသမားများအနေဖြင့် နိုင်ငံတကာနှင့်ဆက်ဆံရာတွင် အင်္ဂလိပ်ဘာသာစကားဖြင့် ပြောဆိုဆွေးနွေးနိုင် ဆက်လက်ကြိုးစားစေလိုကြောင်း သူကဆက်ပြောသည်။

အဆိုပါ နှစ်နိုင်ငံသတင်းဆရာများဆွေးနွေးပွဲ Capacity Building of Media Personnel in Myanmar and India အစီအစဉ်တွင် နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ BNI မှ စံမောင်သန်းက “၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမတိုင်ခင်မှာ DVB သတင်းဌာန ထိုင်း၊ အိန္ဒိယအခြေစိုက် ကျနော်တို့လို တိုင်းရင်းမီဒီယာတွေလည်း ပေါ်ပေါက်လာတဲ့အတွက် ပြည်သူတွေသတင်းအချက်အလက်တွေပိုရလာတယ်၊ ဒါကြောင့်လည်း ဒီ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲဲအရွေ့့အထိ အပြောင်းလဲဖြစ်လာတာဟာ မီဒီယာက အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ခဲ့တယ်” ဟု ပြောသည်။

၂၀၁၇ ရွှေဝါရောင်တော်လှန်ရေးမတိုင်မီတွင် ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် Website အခြေခံသည့် Burma News International-BNI ကို ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

အဆိုပါအခမ်းအနားသဘာပတိအဖြစ် တက်ရောက်ခဲ့သူ မဏိပူရပြည်နယ် ဝန်ကြီးချုပ် SHRI N.Biren Singh က အိန္ဒိယနှင့်မြန်မာနှစ်နိုင်ငံကြား ပြည်သူနှင့်ပြည်သူ၊ မီဒီယာနှင့် မီဒီယာကြား အပြန်အလှန်ဆက်ဆံစေလိုကြောင်း၊ အာသံမဏိပူရပြည်နယ်နှင့် မန္တလေးအပြန်အလှန်ကုန်သွယ်မှု၊ ခရီးသွားလုပ်ငန်းများနှင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်ရန် အစိုးရချင်းဆက်သွယ်ဆောင်ရွက်နေကြောင်း၊  ထို့ကြောင့် မီဒီယာများမှ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ထို့အတူ အိန္ဒိယ၏ အရှေ့မျှော်ဝါဒ Act East Policy ကို မဏိပူရပြည်နယ်မှ စတင်ကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလတွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီ မြန်မာနိုင်ငံသို့အလည်ပတ်ရောက်ရှိခဲ့စဉ် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ နှင့် အိန္ဒိယ သတင်းမီဒီယာကောင်စီတို့ နှစ်ဘက်သဘောတူ ရေးထိုးခဲ့သော နားလည်မှုစာချွန်လွှာ MoU အရ နှစ်ဖက်သတင်းမီဒီယာကောင်စီတို့ မဏိပူရ၌ ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခြင်း ဖြစ်သည်။

January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...