လိုင်စင်မဲ့အရက်ရောင်းချသူများထံ ထွေအုပ်ရုံးမှလစဉ်ကြေးကောက်ခံ

လိုင်စင်မဲ့အရက်ရောင်းချသူများထံ ထွေအုပ်ရုံးမှလစဉ်ကြေးကောက်ခံ
by -
ချင်းဝေါလ်
စမီးမြို့တွင် လိုင်စင်မဲ့အရက်ရောင်းချသူများထံ ထွေအုပ်ရုံးမှ လစဉ်ကြေးကောက်ခံ၍ အရက်ကိုဆက်လက်ရောင်းချခွှင့်ပြုနေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

စမီးမြို့နှင့်အနီးတဝိုက်တွင် အရက်လိုင်စင်မရှိသော်လည်း အိမ် ၈၀ ခန့်က လိုင်စင်မဲ့အရက်ရောင်း ချနေလျက်ရှိသည်ဟုစုံ စမ်းသိရှိရသည်။

စမီးမြို့တွင်းတွင် လိုင်စင်မဲ့အရက်ဆိုင် ၅၀ ခန့်၊ ၄င်း၏အနီးတဝိုက်ရှိကျေးရွာများဖြစ်သည့် ငမြင်းတောင်၊ မိတ်စဝ၊ ဝက်မ၊ ဆားဝ၊ ပြိုင်းတောင်၊ ကြက်မအိုင် စသည့်ကျေးရွာများတွင် လိုင်စင်မဲ့အရက်ဆိုင် ၃၀ ကျော်ရှိကြောင်း ဒေသခံများကဆိုသည်။

“ရဲက လိုင်စင်တစ်ခုဆိုတစ်ယောက်ဘဲရောင်းဆိုလို့ ကျန်တဲ့သူတွေကို ဇူလိုင်လမှာ ရဲကဖမ်းတယ်။ ပြီးတော့ ပလက်ဝတရားရုံးကိုပို့တယ်။ ဒဏ်ခတ်တဲ့အနေနဲ့ တရားရုံးမှာ တစ်ယောက်ကို တစ်သိန်းတစ်သောင်းသွင်းရတယ်။ လိုင်စင်မရဘဲရောင်းတာ (၁၉)နှစ်ကြာရောင်း ချနေပြီ။ အရင်နှစ်တွေမှာ တစ်လ ခုနစ်ထောင်နဲ့ ရဲကကောက်တယ်။ ဘာမှပြဿနာမရှိဘူး။ ဒီနှစ် ထွေအုပ်ရုံးက လိုင်စင်ချရောင်းတယ်။ လိုင်စင်ကြေးလည်းသွင်းရတော့ ဒီမှာလည်းပေးဒီမှာလည်းပေးဆိုတာမျိုးကို မကျေနပ်ဘူး။ ခုလည်းပြန်ရောင်းတယ်။ ရဲကလည်းထပ်ဖမ်းဖို့သတိပေးထားတယ်။ ဒါပေမယ့် ကျွန်မတို့က ဆက်ရောင်းမှာပဲ။ ဘာလို့လဲဆိုတော့ ထွေအုပ်ရုံးမှာ တစ်နှစ်လိုင်စင်ခံထားလို့ပဲ”ဟု စမီးမြို့ အမှတ်(၁)ရပ်ကွက်တွင် လိုင်စင်မဲ့အရက်ရောင်းချနေသူ ဒေါ်လှလှယဉ်ကပြောသည်။

 “လိုင်စင်ရတဲ့သူက တစ်ယောက်ထဲ။ ကျွန်တော်ရောက်ကတည်းက လိုင်စင်မရှိတဲ့သူတွေအရက်မရောင်းရဘူးလို့ တားထားတယ်။ ကျွန်တော်တို့လည်းလတိုင်းဖမ်းတယ်။ ခုလည်း လိုင်စင်မဲ့အရက်ရောင်းနေတဲ့ဆိုင်ကို ဌာနတစ်ခုက ငွေလိုက်ကောက်နေ တယ်လို့ကြားတာပဲ။ ပိုက်ဆံကောက်တယ်လို့တိတိကျကျသတင်းကြားရင်တိုင်ပါ။ အရေးယူလို့ရတယ်။ ကျွန်တော်ကတော့ ကောက်လည်းမကောက်ခိုင်းဘူး။ ရောင်းလည်းမရောင်းခိုင်းဘူး။ ဒီမှာကျွန်တော်တာဝန်ကျတာ နှစ်လပဲရှိသေးတယ်”ဟု စမီးမြို့ရဲစခန်းမှူး ရဲအုပ်ကပြောသည်။

စမီးမြို့ အိမ်အတွင်းယာမကာရောင်းချနေသည်ကို ဇွန်လအတွင်းတွေ့ရစဉ်။(ဓာတ်ပုံ- ဆလိုင်းလာလ်နွန်အုပ်)

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...