ထိုင်းယာဉ်တိုက်မှု မြန်မာ ၁၃ ဦးသေဆုံး

ထိုင်းယာဉ်တိုက်မှု မြန်မာ ၁၃ ဦးသေဆုံး

ထိုင်းနိုင်ငံအတွင်းဖြစ်ပွားသော ယာဉ်တိုက်မှုအတွင်းတွင် မြန်မာအလုပ်သမား ၁၃ ဦး သေဆုံးခဲ့သည်။

မြန်မာရွှေ့ ပြောင်းအလုပ်သမား ၁၃ ဦးနှင့် ထိုင်းနိုင်ငံသား ကားမောင်းသမားတစ်ဦး လိုက်ပါလာသည့် ကားသည် ဆယ်ဘီးကားတစ်စီးအား ဝင်တိုက်ရာ မီးလောင်ခဲ့သည့်အတွက် လိုက်ပါလာသူ ၁၄ ဦးလုံး သေဆုံးခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ မှ ဘန်ကောက်မြို့ သို့ ထွက်လာသည့် ကားသည် နိုဝင်ဘာလ ၂၄ ရက် နေ့ နံနက် ၂ နာရီခွဲ အချိန်က ဆင်းဘူရီမြို့နယ် ပန်မန်းရပ်ကွက်ရှိ အာရှဟိုင်းဝေး လမ်းမကြီးပေါ်တွင် ဆယ်ဘီးကားတစ်စီးအား ဝင်ရောက်တိုက်မိရာမှ ကားမီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆင်းဘူရီ ရဲစခန်းမှ ထိုင်းရဲအရာရှိတစ်ဦးက “မြို့ထဲမှာ ဖြစ် တာမဟုတ်ဘူး။ အာရှလမ်းမ ပေါ်မှာဖြစ် တာ။ ဆယ်ဘီးကား နောက်ကို ဝင်တိုက်ခဲ့တာ။ ဖြစ်ပွားခဲ့အချိန်က မနက် ၂ နာရီခွဲက။ အားလုံးသေသွားတာ ကားမောင်းသူပါပါတယ်” ဟု ပြောသည်။

သေဆုံးသွားသည့် သူများအား မည်သူမည်ဝါ သိရှိနိုင်ရန် DNA စစ်ဆေးမှုများ ပြုလုပ်ရန် စီစဉ်နေပြီး နောက်ပိုင်းတွင် ၎င်းတို့၏ ဆွေမျိုးများကို အကြောင်းကြားသွားမည်ဟု ထိုင်းရဲအရာရှိက ပြောသည်။

ယင်းအလုပ်သမားများသည် ထိုင်း-မြန်မာ နယ်စပ်ရှိ မဲဆောက်မြို့ တွင် စီအိုုင် ခေါ် စီစစ်ရေးကဒ်ပြား သွားရောက်လုပ်ကိုင်ကြပြီး ၎င်းတို့ အလုပ်လုပ်ရာ ဘန်ကောက်မြို့အနီးရှိ နုံထဘူရီခရိုင် ဘန်ဘိုထောင်းမြို့ သို့ အပြန်တွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ဒီအလုပ်သမားတွေက ပတ်စပို့သွားပြီးတော့လုပ်တယ်။ CI သွားပြီးတော့လုပ်တယ်။ လုပ်ပြီးတော့ ပြန်လာတဲ့အခါမှာ ကားတိုက်ခံသေရတယ်။ သူတို့ သေတဲ့ကားကတော့ ဗင်ကားလို့ခေါ်မယ်” ဟု အ လုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်းက ပြောသည်။

ယခုဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆဖြစ်မှုတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် လျော်ကြေးငွေ ပြန်လည်ရရှိရန် မြန်မာသံရုံးမှ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်နေသည်ဟု သိရသည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...