နမ့်ဆန်တွင်ဖမ်းဆီးကာထောင်ချခံထားရသည့် ၈ တန်းကျောင်းသားအမှုပြန်လည်စီစစ်ပေးရန် လွှတ်တော်ထံ SNLD မဲဆန္ဒနယ်အမှတ် ၄ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တောင်းဆို

နမ့်ဆန်တွင်ဖမ်းဆီးကာထောင်ချခံထားရသည့် ၈ တန်းကျောင်းသားအမှုပြန်လည်စီစစ်ပေးရန် လွှတ်တော်ထံ SNLD မဲဆန္ဒနယ်အမှတ် ၄ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တောင်းဆို
by -
နန်းဆိုင်ဖူး

မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုထားသည့် တအောင်း ကျောင်းသား၏ အမှု နှင့် ပတ်သက်ပြီး ပြန်လည် စိစစ်သုံးသပ်ပေးရန်အတွက် ပြည်ထောင်စုလွှတ်တော်ရှိ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ထံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းအုံးကျော်က ပေးပို့တောင်းဆိုခဲ့သည်။

မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုခံရကာ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရသည့် နမ့်ဆန်မြို့မှ အသက် ၁၄ နှစ်အရွယ် အဋ္ဌမတန်းကျောင်းသား မိုင်းချိုမင်းထွေးအား အမှုပြန်လည်စီစစ်ပေးနိုင်ရန်အတွက် နိုဝင်ဘာ ၂၃ ရက်နေ့က ပြည်ထောင်စုလွှတ်တော် ထံသို့ မဲဆန္ဒနယ်အမှတ်(၄) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းအုံးကျော် ကတောင်းဆိုလိုက်ခြင်းဖြစ်ပါသည်။

“အခုလောလောဆယ်တော့ ဒီမှာတောင်းဆိုထားတာကတော့ ဒီလူငယ်တွေ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရ တယ်ဆိုတော့ ပယ်ဖျက်ပေးနိုင်ဖို့ အတွက် လိုအပ်သလို လေ့လာစိစစ်သုံးသပ်ဆောင်ရွက်ပေးဖို့ တောင်းဆို ထားတယ်။ ဒီကရလာတဲ့ အဖြေပေါ်မှာ နည်းနည်း စောင့်ကြည့်ရမယ်။ သူတို့ ဘယ်လို စီစဉ်သုံးသပ်လာမလဲ ဆိုတာ အဲ့ပေါ်မှာမူတည်ပြီးတော့ ဘယ်လိုဆက်လုပ်ရမယ်ဆိုတာ သိမယ်” ဟု ၄င်းကပြောသည်။

အောက်တိုဘာ ၅ ရက်နေ့ မွန်းလွဲ ၅ နာရီခန့်က နမ့်ဆန်မြို့ပြင် စစ်ဆေးရေးဂိတ်၌ မြန်မာ့တပ်မတော် ခြေလျင်တပ်ရင်း (၁၀၅) မှ ဗိုလ်ကြီး သူရထွန်းဦး က မိုင်ချိုမင်းထွေးအားတာဆီးစစ်ဆေးရာ ၄င်း၏ မိုဘိုင်းဖုန်းတွင် တအောင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ဆက်စပ်သည့် ဓာတ်ပုံတွေ့ရှိသည်ဟု ဆိုကာ ဖမ်းဆီးပြီး တပ်ရင်း(၃၂၄) စခန်းတွင် ရ ရက်တိုင်တိုင် စစ်ဆေးခဲ့ကြောင်း သိရသည်။

“အသက် ၁၄ နှစ်အရွယ်ပဲရှိတယ် ကျောင်းသား အရွယ်လည်း ဖြစ်တယ်ဆိုတော့ ဒါက မဖြစ်သင့်တဲ့ကိစ္စ အသက်လည်း ငယ်သေးတယ် သူ့ရဲ့ ရှေ့ရေး ပညာရေး တွေ ရှိသေးတယ်။ ဒါမျိုး မဖြစ်သင့်ဘူး။ အဲ့တော့ ဒီကိစ္စကို ထဲထဲဝင်ဝင်ကြိုးစားပြီးတော့ ဆောင်ရွက်သွားဖို့ ရှိတယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းအုံးကျော် ကပြောသည်။

အောက်တိုဘာ ၃၀ ရက်နေ့တွင် တပ်မ (၇၇) မှ ဗိုလ်မှူးမြင့်မောင်မောင်စိုး က တရားလိုပြုလုပ်ကာ မိုင်းချိုမင်းထွေးကို မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုပြီး နမ့်ဆန်မြို့နယ် တရားသူကြီးက ထိုနေ့မှာပင် အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သော ထောင်ဒဏ် ၂ နှစ်ကို ချမှတ်ကာ ကလေးသူငယ်ပြုပြင်ရေး သင်တန်းကျောင်းတွင် ထိ်န်းသိမ်းထားခဲ့သည်။

March 28, 2024
သျှမ်းပြည် ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က...
March 25, 2024
သျှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ရန်...
March 25, 2024
ကရင်နီ (ကယား) ပြည်တွင် (၁၁၁၁) စစ်ဆင်ရေး စတင်ပြီးနောက် မြို့နယ်အသီးသီးရှိ စစ်ကောင်စီတပ်စခန်း (၆၅)...
March 22, 2024
သျှမ်းပြည် ကလောမြို့တွင် စစ်မှုမထမ်းချင်သည့် လူငယ်တစ်ဦး ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံ ခဲ့ကြောင်း...