ဇောလ်ပီးကျေးရွာရေဘေးဒုက္ခသည်များ အကူအညီများလိုအပ် လျက်ရှိ

ဇောလ်ပီးကျေးရွာရေဘေးဒုက္ခသည်များ အကူအညီများလိုအပ် လျက်ရှိ
by -
ချင်းဝေါလ်
ဖလမ်းမြို့နယ် ကမွန်းချောင်းကျေးရွာအနီးတွင် ချင်းပြည်နယ်အစိုးရက နေရာချပေးသော ဇောလ်ပီးကျေးရွာမှ ရေဘေးဒုက္ခသည်များသည် လတ်တလောတွင် အကူအညီများလိုအပ်လျက်ရှိကြောင်းဒေသခံများထံမှသတင်းရရှိသည်။

“ရေကတော့ တဲနဲ့နည်းနည်းဝေးတဲ့နေရာမှာ သွားခပ်တယ်။ ဆန်ကိုတော့ အစိုးရကသုံးလအတွက်ပေးတယ်၊ ဒါလေးပဲစားနေရတယ်။ ဆီ၊ ဆား၊ ပဲ မပေးထားဘူး။ ဟင်းတွေဝယ်ဖို့ပိုက်ဆံလည်းမရှိတော့ ဒီလိုပဲ ငါးပိရည်နဲ့တို့ပြီးတော့ထမင်းစားတယ်။ နေ့စားလုပ်ဖို့လည်း မရှိဘူး။ တောင်ယာလည်းမခုတ်နိုင်ဘူး။ ယောင်္ကျားတွေကတော့ အိမ်ဆောက်ဖို့ တောထဲမှာတိုင်တွေလိုက်ရှာနေကြ တယ်။ လိုအပ်တာများလွန်းလို့ အဓိကဘာလိုအပ်လဲဆိုတာပြောဖို့မလွယ်ဘူး”ဟု ဇောလ်ပီးကျေးရွာ ရေဘေးဒုက္ခသည်စခန်း တွင်နေထိုင်သူ ဒေါ်ထန်နယ်ကပြောသည်။

ဇောလ်ပီးရေဘေးဒုက္ခသည်စခန်းသည် ချင်းပြည်နယ်အစိုးရမှ စက်ယန္တရားများဖြစ် ဝင်ရောက်ဖျက်ဆီးခဲ့သော ဘွာလ်ပီးကွင်းနှင့် နှစ်မိုင်အကွာတွင်တည်ရှိသည်။

“အရင်ကတော့ ခန်းမတစ်ခုဆောက်ပြီးတော့ အတူတူနေကြတယ်။ ခုတော့ ကိုယ့်မိသားစုနဲ့ကိုယ်တဲထပ်ဆောက်နေတယ်။ ခုထိတော့ အစိုးရက အိမ်ဆောက်ပေးမယ့်အကြောင်းတော့ မသိရသေးဘူး။ အခုတဲအမိုးတွေက IMO ကပေးထားတာ။ အိမ်အကာမရှိတော့မိုးရွာရင် တဲတစ်ခုလုံးမိုးဒဏ်ခံနေရတယ်။ ဆိုလာမီးလည်း မလုံလောက်ဘူး။ နာရီဝက်လောက်ကြာရင် ဓာတ်အားမနိုင်တော့ကျောင်းသားတွေ စာကြည့်ဖို့အခက်အခဲဖြစ်တယ်။ ကျောင်းဆရာ၊မတွေလည်း အဲ့မှာမိုးကာနဲ့တဲဆောက်ပြီးနေရတယ်။ ဆေးခန်းလည်းမရှိဘူး။ မိုးရာသီမှာ ကလေးမြို့ကိုသွားဖို့လှည်းလမ်းပဲရှိတော့ မလွယ်ဘူး”ဟု ဇောလ်ပီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇာလျန်ပေါင်ကပြောသည်။

လက်ရှိ ဇောလ်ပီးကျေးရွာတွင် အိမ်ထောင်စု (၁၂)၊လူဦးရေ (၆၅)ဦးနေထိုင်လျက်ရှိပြီး ၄င်းတို့ကို ဝေဘူလ ကျေးရွာ အုပ်စု၊ ကင်မွန်းချောင်းကျေးရွာအနီးရှိ စီးယင်းကြိုးဝိုင်း အကွက်အမှတ် (၁၄၅)၊ ပုဂ္ဂလိက စိုက်ခင်း လျှောက်ထား သည့် မြေနေရာ (၁၂) ဧကနေရာတွင် ယာယီနေရာ ချထားပြီး ဥပဒေ လုပ်ထုံးလုပ်နည်းနှင့် အညီ တရားဝင်နေထိုင်ခွင့်ရရှိရေး ဆောင်ရွက်ပေးလျှက်ရှိပါသည်ဟု ချင်းပြည်နယ်အစိုးရ Chin State Government News လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသည်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...