မွန်ပြည်နယ်မှအဆင့်မြင့်ရာဘာပြား တန်ချိန် ၅ သောင်း စင်ကာပူဝယ်ယူမည်

မွန်ပြည်နယ်မှအဆင့်မြင့်ရာဘာပြား တန်ချိန် ၅ သောင်း စင်ကာပူဝယ်ယူမည်
မွန်ဝန်ကြီးချုပ် မိန့်ခွန်းပြောကြားစဉ်(photo: MNA)
မွန်ဝန်ကြီးချုပ် မိန့်ခွန်းပြောကြားစဉ်(photo: MNA)

အဆင့်မြင့်ရာဘာပြား မက်ထရစ်တန်ချိန် ၅ သောင်းဝယ်ယူရန် မွန်ပြည်နယ် ရာဘာလုပ်ငန်းရှင်အသင်းနှင့် စင်ကာပူနိုင်ငံမှ ဟသာင်္အဂရီ ကုမ္ပဏီတို့ မော်လမြိုင်မြို့ရှိ တော်ဝင်ဟသာင်္ဟိုတယ်၌ နိုဝင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းတွင် စာချုပ်ချုပ်ဆိုခဲ့ကြသည်။

“ရာဘာစိုက်တဲ့တောင်သူတွေဆီကနေ ဟသာင်္အဂရီ ကုမ္ပဏီက တန်ငါးသောင်းဝယ်ယူမယ်၊  တစ်ချိန်တည်းမရောင်း နိုင်သေးဘူးဆိုရင်တောင်မှ ပေးနိုင်သလောက်၊ ရောင်းနိုင်သလောက်ရောင်းရင်လည်း သူတို့ဝယ်မယ်” ဟု မွန်ပြည်နယ် ရာဘာစိုက်ပျိုးသူများအသင်း ဥက္ကဋ္ဌ နိုင်ကျန်ရစ်က ပြောသည်။

အဆိုပါ MoU စာချုပ်မချုပ်ဆိုမီ နံနက်ပိိုင်းတွင် မွန်ပြည်နယ် ရာဘာစိုက်ထုတ်လုပ်ရောင်းချသူများနှင့် စင်ကာပူနိုင်ငံမှ ရာဘာဝယ်သူများတွေ့ဆုံပွဲ အခမ်းအနားတရပ်ကိုလည်း ကျင်းပခဲ့သည်။

အခမ်းအနားတက်ရောက်သူ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက “ရာဘာစိုက်ပျိုးတဲ့တောင်သူတွေ အများကြီးရှိတဲ့အတွက် ရာဘာလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး ပိုပြီးဝင်ငွေကောင်းလာမှသာ တောင်သူတွေရဲ့ဘဝ တိုးတက်ကောင်းမွန်လာမှာဖြစ်တဲ့အတွက် ရာဘာလုပ်ငန်း လုပ်ကိုင်သူတွေအားလုံး ဝိုင်းဝန်းစုပေါင်းအဖြေရှာဖို့အတွက် ဒီလိုအခမ်းအနားကျင်းပရတာဖြစ်တယ်” ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

မွန်ပြည်နယ်တွင်ဧက ၅ သိန်းခန့်ရှိပြီး တစ်နှစ်လျင် တန်ချိန်တစ်သိန်းခန့်ထွက်ရှိနေကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်ပြောကြားချက်အရ သိရသည်။

ယင်းတွေ့ဆုံပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ရာဘာဘာလုပ်ငန်းရှင်များ၊ ကုမ္ပဏီတာဝန်ရှိသူများ၊ ပညာရှင်များနှင့် စိတ်ဝင်စားသူများစုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့သည်။ 

January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...