မုန်းဟွမ် တွင် အစိုးရတပ် နှင့် MNDAA တိုက်ပွဲ ဖြစ်

မုန်းဟွမ် တွင် အစိုးရတပ် နှင့် MNDAA တိုက်ပွဲ ဖြစ်

အစိုးရတပ်နှင့် မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် MNDAA ခေါ် ကိုးကန့်အဖွဲ့တို့ ရှမ်းပြည်နယ် မြောက်ပိုင်းတာမိုးညဲ မြို့နယ်၊ မုန်းဟွမ်ဘက်တွင် နိုင်ဝင်ဘာ ၁၂ ရက်နေ့မနက် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ကိုးကန့် တပ်မ ၅၁၁ အောက် တပ်ရင်း ၅၀၁ တပ်ဖွဲ့များ ဟုန်ဒိုလိန့် ဆိုသည့် ကျေးရွာတစ်ခုမှာ စခန်းချ နေစဉ် အစိုးရတပ်မ ၁၁ အောက် ထင်ရသည့် စစ်ကြောင်းများ စတင်ပစ်ခတ်မှုကြောင့် အချိန် ၁ နာရီခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ကချင်သတင်းဌာန KNG ကို ပြောသည်။



တိုက်ပွဲ ဖြစ်သည့် နေရာမှ မိနစ် ၃၀ ခန့် လမ်းလျှောက်သွားရသောရွာဘက်ကို အစိုးရတပ်ဖွဲ့များ ဆုတ်ခွာသွားသည့်အတွက် တိုက်ပွဲရပ်စဲသွားကြောင်း အထက်ပါ သတင်းရင်းမြစ်မှ သိရသည်။



ယခု တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် ပေါ်ပေါက်လာခြင်း ရှိမရှိနှင့် နှစ်ဖက်တပ် အသေအပျောက် သတင်းကိုလည်း မသိရပါဘူး။



တိုက်ပွဲ ဖြစ်ပွားသော နေရာသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ အောက် တပ်ရင်း ၂ နှင့် တပ်ရင်း ၃၆ နယ်စပ် ဖြစ်ပြီး လက်ရှိ စစ်ရေးအရမြောက်ပိုင်းမဟာမိတ် အဖွဲ့များလှုပ်ရှားလျှက်ရှိကြောင်း KIA တပ်မဟာ ၆ မှ သိရသည်။



ယခုချိန် KIA တပ်မဟာ ၆ ဒေသ မုံးကိုးဒေသ၊ မုန်ဘော်နှင့် တာမိုးညဲ ဒေသများမှာ အခြေစိုက်သော အစိုးရတပ်များလည်း ၎င်းတို့နယ်မြေများတွင် စစ်ရေးလှုပ်ရှားနေကြောင်း သိရသည်။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...