ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် NCA လက်မှတ်ရေးထိုးနိုင်ရန် မွန်ပြည်သစ်ပါတီနှင့် ပြည်နယ်အစိုးရအဖွဲ့တွေ့ဆုံ

ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် NCA လက်မှတ်ရေးထိုးနိုင်ရန် မွန်ပြည်သစ်ပါတီနှင့် ပြည်နယ်အစိုးရအဖွဲ့တွေ့ဆုံ
by -
ခေတ်မင်း

မွန်ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်ရန်နှင့် NCA လက်မှတ်ရေးထိုးနိုင်ရန်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့ ဝန်ကြီးချုပ် ဧည့်ခန်းမတွင် နိုဝင်ဘာ ၈ ရက် နံနက် ၁၁ နာရီခန့်က ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

“ဆွေးနွေးတဲ့ အဓိကအချက်ကတော့ မွန်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့၊ NCA လက်မှတ်ထိုးဖို့ပေါ့။ သူတို့တွေအနေနဲ့လည်း နိုဝင်ဘာ ၂၃၊ ၂၄ ရက်နေ့မှာ ဗဟိုကော်မတီအစည်းအဝေးလုပ်ပြီးတော့ အတက်နိုင်ဆုံး အရင်ကထက် ပိုမိုပြီး နည်းလမ်းတွေ တွေ့ရှိလာတယ်”ဟု ၎င်းက ပြောသည်။

မွန်ပြည်သစ်ပါတီ၏ တင်ပြထားသော အခက်အခဲများကို ပြည်နယ်အဆင့်တွင် ဖြေရှင်းနိုင်မည့် ကိစ္စရပ်များကို အတတ်နိုင်ဆုံးကြိုးစားဖြေရှင်းပေးသွားမည်ဖြစ်ပြီး ပြည်ထောင်စုအဆင့် ဖြေရှင်းရမည့်အခက်အခဲများကိုလည်း အထက်သို့ တင်ပြပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောဆိုသည်။

“ရှင်းရှင်းပြောရရင် နိုင်ငံရေးအုပ်ချုပ်မှုတွေနဲ့ တပ်ကိစ္စရပ်တွေကို ပူးပေါင်းအဖြေရှာဖို့ သဘောတူညီမှုလုပ်ထားတယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။

မွန်ပြည်နယ်ပါတီတို့က ကဏ္ဍာစုံေဆွေးနွေးခဲ့မှုများတွင် NCA လက်မှတ်ထိုးမည့် ကိစ္စပါဝင်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် တစ်လတစ်ကြိမ် တွေ့ဆုံဆွေးနွေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ဝင်းလှက ပြောဆိုသည်။

Most read this week