မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီက ခွန်တန်ကိစ္စ ကြားနာစစ်ဆေး

မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီက ခွန်တန်ကိစ္စ ကြားနာစစ်ဆေး
ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီက ခွန်တန်ကိစ္စကို ကြားနာစစ်ဆေးစဉ်(photo: MNA)
ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီက ခွန်တန်ကိစ္စကို ကြားနာစစ်ဆေးစဉ်(photo: MNA)

မွန်ပြည်နယ် သထုံမြို့နယ် စရစ်ချောင်ကျေးရွာအုပ်စုရှိ အလံတစ်ရာနယ်မြေဒေသတွင် ဖြစ်ပွားနေသည့် ခွန်တန်ကိစ္စနှင့် ပတ်သက်ပြီး တိုင်ကြားထားချက်အပေါ် ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီက နို၀င်ဘာလ ၆ ရက်နေ့တွင် ကြားနာစစ်ဆေးမှုပြုလုပ်ခဲ့သည်။

ဘာသာတရားယုံကြည်မှုအပေါ် အခွင့်ကောင်းယူပြီး ဘာသာရေးမှိုင်းတိုက်၍ ရိုးသားသော ပအိုဝ်းတိုင်းရင်းသူ မိန်ကလေးများအား ဖျက်ဆီးနေမှုကို ဖော်ထုတ်အရေးယူပေးပါရန်ဆိုပြီး ကျူးလွန်ခံရသည့် အမျိုးသမီးမိဘများကိုယ်စား အမျိုးသမီးဖခင်တစ်ဦးက ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီသို့ တိုင်ကြားထားခဲ့သည်။

“တိုင်ကြားသူတွေရဲ့ ပြောကြားချက်တွေကို အမတို့ နားထောင်တယ်၊ ဒီထဲမှာ ကာယကံရှင်အဖေပါတယ်၊ အားလုံး ၆ ဦးလာတယ်၊ ဒီ့အပေါ် လုပ်ဆောင်ရမယ့်ဟာကို ကော်မတီရဲ့ ဆုံဖြတ်ချက်နဲ့ လွှတ်တော်ဥက္ကဌရဲ့ လမ်းညွှန်ချက်နဲ့ ဆောင်ရွက်သွားမယ်။ လွှတ်တော်ရဲ့ ဥပဒေ၊ နည်းဥပဒေအတိုင်း ဘောင်းထဲကနေလုပ်ဆောင်သွားမှာ” ဟု ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင် ကော်မတီ ဥက္ကဌ ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

ခွန်တန်နှင့် ပတ်သက်ပြီး အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီသို့ တိုင်စာ ၂ စောင် ရောက်ရှိထားကြောင်း ယင်းကိစ္စနှင့် ပတ်သက်သည့် ဆောင်ရွက်ချက်အားလုံးကို လာမည့် လွှတ်တော်အစည်းအဝေးတွင် ဆုံဖြတ်ချက် ပေးသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

ခွန်တန် (ခ) ဇာတ်လိုက်သည် ယခင် အလံတရာဆရာတော် ၀င်စားသည်ဆိုပြီး ဒေသခံအချို့တို့က ယုံကြည်ကိုးကွယ်နေကြသည်။

အလံတရာတွင်ဖြစ်သည့်ကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လုပ်သင့်လုပ်ထိုက်တာတွေ လုပ်နေဆောင်နေကြောင်းနှင့် ခွန်တန်ဆိုသူကို လွန်ခဲ့သည့် ၂ လခန့်ကတည်းက ဖမ်းဆီးရန် အမိန့်ထားကြောင်း လက်ရှိတွင် ခွန်တန်က ရှမ်းပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် ရှမ်းပြည်နယ်အစိုးရနှင့် ပူးပေါင်းပြီးလုပ်ဆောင်သွားမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားထားခဲ့သည်။

အလံတရာနယ်မြေတွင် အတွင်း ၆ ရွာ အပြင် ၆ ရွာရှိပြီး ပအိုဝ်းတိုင်းရင်းသားလူမျိုး အများစုနေထိုင်နေကြသည့်ဒေသတစ်ခုဖြစ်ကာ ဘာသာတရားအပေါ် ယုံကြည်သော ပအိုဝ်းတိုင်းရင်းသူများအား ဖျက်ဆီးနေသည့်ကိစ္စသည် လွန်ခဲ့သည့် ၅ နှစ်၊ ၆ နှစ်ခန့်ကတည်းက ဖြစ်ပွားနေသည်ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

ဘာသာတရားအပေါ် ယုံကြည်သော ပအိုဝ်းတိုင်းရင်းသူများအား ဖျက်ဆီးနေသည့်ကိစ္စသည် အလံတရာဘုရား ပြုပြင်ခြင်းကို တိုင်ကြားရာမှတဆင့် ပေါ်ပေါက်လာသည်ဟုလည်း ၄င်းက ဆက်ပြောသည်။

ခွန်တန် (ခ) ဇာတ်လိုက် အပါအဝင် ရ ဦးကိုလည်း ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၆၆ (အတင်းအဓမ္မခိုးယူပေါင်းသင်းမှု)၊ ၃၆၃ (လူခိုးမှု)၊ ၁၁၄ (အားပေးကူညီမှု) တို့ဖြင့် သထုံမြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု သထုံမြို့မရဲစခန်းမှ သိရသည်။

January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...