MNP နှင့်အလွတ်သဘောတွေ့ဆုံရေး AMDP စာပို့ကမ်းလှမ်း

MNP နှင့်အလွတ်သဘောတွေ့ဆုံရေး AMDP စာပို့ကမ်းလှမ်း

မွန်အမျိုးသားပါတီ MNP တာဝန်ရှိသူများနှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် နိုဝင်ဘာလ ၁ ရက်နေ့စွဲဖြင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP က စာပေးပို့ကမ်းလှမ်းထားကြောင်း သိရသည်။

AMDP တွဲဖက်အတွင်းရေးမှုး (၁) နိုင်စံတင်က “နှစ်ဖက်ပါတီ အလွတ်သဘော တွေ့ကြမယ်ဆိုရင် အကြောင်းအရာစုံ ပြောကြမှာပဲ။

အဓိကကတော့ အလုပ်တွေ တွဲပြီး လုပ်လို့ရအောင်ပေါ့၊ ကျနော်တို့ရည် ရွယ်ချက်က ပူးပေါင်းကြပြီးမှ စိတ်ဓါတ်တွေ သိကြမယ်၊ အချင်းချင်း ချစ်ကြည်ရင်နှီးမှုတွေ ရှိလာမယ်။ ပေါင်း စည်းဖို့ လုပ်ရမည့်နည်းလမ်းတွေ၊ မူဝါဒတွေကတော့ ဒီအလွတ်သဘောတွေ့ဆုံမှုကနေတဆင့်ပဲ ညှိနှိုင်းကြရမယ်၊ အားလုံးအဆင်ပြေပြီးဆိုရင် ဒါက (ပေါင်းစည်းရေးက) လွယ်လွယ်လေး ဖြစ်လာမှာပဲ” ဟုဆိုသည်။

ပြီးခဲ့သည့်စက်တင်ဘာလအတွင်းက ကျင်းပခဲ့သည့် ဗဟိုအလုပ်ဆောင်အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ယခုကဲ့သို့ မွန်အမျိုးသားပါတီနှင့် အလွတ်သဘောတွေ့ဆုံနိုင်ရေး စားပို့ကမ်းလှမ်းလိုက်ခြင်းလည်းဖြစ်သည်ဟု ၄င်က ဆက်ပြောသည်။

“ကျနော်တို့ဘက်က ဒီအပေါ်မှာ ရပ်တည်ချက်ရှိထားပြီးသာပါ၊ ကျနော်တို့ကလည်း တွေ့ဖို့အတွက် တောင်းဆိုထားတာရှိတော့ တွေ့ဆုံဖြစ်ဖို့များတယ်၊ ဒါပေမယ့် ဘယ်နေ့တွေ့ဖြစ်မယ်ဆိုတာ မနက်ဖြန် (နိုဝင်ဘာလ ၂ ရက်) လောက်မှ သိနိုင်မယ်” ဟု မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူးး နိုင်လယီတမက ပြောသည်။

လက်ရှိအချိန်တွင် မွန်အမျိုးသားပါတီရော မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကပါ နှစ်ဖက်ပါတီအကြား ယုံကြည်မှုတည်ဆောက်ရန်အတွက် ဆက်သွယ်ဆောင်ရွက်နိုင်ရေး ကိုယ်စားလှယ် (၃) ဦးစီပါဝင်သည့်အဖွဲ့တို့ကို ဖွဲ့စည်းထားပြီးဖြစ်သည်။

မွန်အမျိုးသားပါတီဘက်တွင် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် နိုင်ချစ်ဦး အဖွဲ့ခေါင်းဆောင်၊ အဖွဲ့ဝင်များအဖြစ် နိုင်ထောအိန် (ဃောသိုက်)၊ နိုင်မာန်ဂကောင်းတို့ပါဝင်ပြီး မွန်ဒေသလုံဆိုင်ရာဒီမိုကရေစီပါတီဘက်တွင် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် နိုင်မောင်မောင် အဖွဲ့ခေါင်းဆောင်၊ နိုင်စံတင်၊ နိုင်သန်းရွှေတို့ အဖွဲ့ဝင်များအဖြစ် ပါဝင်ကြသည်ဟု သိရသည်။

လက်ရှိအချိန်တွင် မွန်နှစ်ပါတီပေါင်းစည်းရေးဖြစ်မလာသည့်အပေါ် မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီတို့၏ ဗဟိုကော်မတီဝင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အချို့ သက်ဆိုင်ရာမိခင်ပါတီများမှ အသီးသီးနှုတ်ထွက်မှုများရှိနေသည်ကို တွေ့ရသည်။

January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...