ရွှေဟင်္သာ၏တောင်ပံအောက်တွင် သွေးစည်းညီးညွတ်ကြရန် မွန်ဝန်ကြီးချုပ် တိုက်တွန်း

ရွှေဟင်္သာ၏တောင်ပံအောက်တွင် သွေးစည်းညီးညွတ်ကြရန် မွန်ဝန်ကြီးချုပ် တိုက်တွန်း
by -
မွန်သတင်းအေဂျင်စီ
မွန်ဝန်ကြီးချုပ်နှင့် ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌတို့ ဟင်္သာရုပ်တုဖွင့်ပွဲအတူတက်ရောက်စဉ်(Internet)
မွန်ဝန်ကြီးချုပ်နှင့် ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌတို့ ဟင်္သာရုပ်တုဖွင့်ပွဲအတူတက်ရောက်စဉ်(Internet)
မွန်အလံတော်ရွှေဟင်္သာ၏တောင်ပံအောက်တွင် မွန်တိုင်းရင်းသားလူမျိုးများအားလုံး သွေးစည်းညီညွတ်ရန်  သြဂုတ်လ ၁၄ ရက်နေ့ မုတ္တမ-မော်လမြိုင် သံလွင်တံတားထိပ်ယာဉ်ပတ်အဝိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် ရွေဟင်္သာရုပ်တု ဖွင့်ပွဲအခမ်းအနား၌ မွန်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက တိုက်တွန်းပြောကြားခဲ့သည်။

မွန်တစ်မျိုးသားလုံး စည်းလုံးညီညွတ်စွာဖြင့် မွန်ပြည်နယ်အကျိုး၊ ပြည်ထောင်စုအကျိုးအတွက် မွန်ပြည်နယ်အစိုးရနှင့်အတူ ပူးပေါင်းပါဝင်လက်တွဲဆောင်ရွက်ကြရန် ပြည်နယ်ဝန်ကြီးချုပ် အမှာစကားတွင် ထည့်သွင်းတိုက်တွန်းခဲ့ခြင်းဖြစ်သည်။

၂၀၀၅ ခုနှစ် ယခင်စစ်အစိုးရလက်ထက် သံလွင်မြစ်ကူးတံတား (မုတ္တမ-မော်လမြိုင်) ဖွင့်လှစ်စဉ် မွန်လူမျိုး တို့၏အထိမ်းအမှတ်သင်္ကေတ ရွှေဟင်္သာရုပ်တုကို သံလွင်တံတားထိပ်ယာဉ်ပတ်အဝိုင်းတွင် တည်ဆောက်တပ်ဆင်ခဲ့ပြီးနောက် ၂၀၀၇ ခုနှစ် မိုးရာသီကာလ ညတစ်ညတွင် အာဏာပိုင်တို့တိတ်ဆိတ်ဖယ်ရှားကာ ဆွမ်းအုပ်ပုံတုဖြင့် အစားထိုးတပ်ဆင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရွှေဟင်္သာရုပ်တု ပြန်လည်တပ်ဆင်ရာတွင် မွန်တိုင်းရင်းသာတို့၏ သဘောဆန္ဒအတိုင်း ဆောင်ရွက်ခွင့်ပြုရန် မွန်လူထုတွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ဇွန်လ ၂၄ ရက်နေ့က ကျင်းပခဲ့ပြီး (၉) ဦးပါ ညှိနှိုင်းဆောင်ရွက်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ကာ ဇူလိုင်လ ၁ ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံညှိနှိုင်းဆောင်ရွက်ခွင့် ရယူခဲ့သည်။

ယခုပြန်လည်အစားထိုးတပ်ဆင်လိုက်သည့် မွန်အမျိုးသားအလံတော်ပါ ပတ္တမြားသွေးရောင်မျက်လုံးရှိ ခြေတစ် ဖက်လှမ်း ရွှေဟင်္သာရုပ်တုအသစ်၏ အလျား၊ အနံ၊ အမြင့် က (၁၁) ပေ ပတ်လည်ဝန်းကျင် ပြုလုပ်ထားကာ ယခင်ခြေစုံရပ် ရွှေဟင်္သာရုပ်တု၏ အရွယ်အစားထက် ပိုကြီးကြောင်း၊ ထိုရုပ်တုပြုလုပ်မှုနှင့် အခမ်းအနားကျင်း ပခြင်းအတွက် ငွေကျပ်သိန်း ရ၀ ခန့် ကုန်ကျခဲ့ကြောင်း ရွှေဟင်္သာရုပ်တု ပြန်လည်တပ်ဆင်ရေးကော်မတီထံမှ သိရသည်။

ပတ်အဝိုင်းနေရာမှ ဆွမ်းအုပ်ရုပ်တုကို သြဂုတ်လ ၂ ရက်နေ့က ဖယ်ရှားခဲ့ကာ ရွှေဟင်္သာရုပ်တုအဖြစ် သြဂုတ်လ ၉ ရက်နေ့က အစားထိုးပြောင်းလဲထားခြင်းဖြစ်သည်။

ရွှေဟင်္သာရုပ်တု ဖွင့်ပွဲအခမ်းအနားတွင် မွန်ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်အစိုးရ အဖွဲ့ဝန် ကြီးများ၊ ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူများ နှင့် မွန်သံဃာတော်များ၊ မြို့နယ် ဒေသအသီးသီးမှ မွန်လူငယ်၊ မွန်လူထုများ (၃၀၀၀) ဦးခန့် တက်ရောက်ခဲ့စဉ် မွန်ယဉ်ကျေးမှု ရွှေဟင်္သာယိမ်းအကများနှင့် မွန်အဆိုတော်များ ပါ၀င်ဖျော်ဖြေခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

May 8, 2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မွန်အမျိုးသားပညာရေးဌာနမှ ဦးဆောင်ဖွင့်လှစ်ထားသည့်...
May 8, 2024
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ပေါ်ရပ်ကွက်အချို့တို့တွင် မြေမြှုပ်မိုင်း...
May 7, 2024
လာမည့် ဇွန်လ ၃ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းများအားလုံး...
May 6, 2024
မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့နယ်ပေါင်း ၈၀ တွင် စစ်ကောင်စီမှ သတင်းစီးဆင်းမှု၊...