မိုး သည်းထန်မှုကြောင့် မြစ်ကြီးနား မြို့ခံများ ရေးဘေး ကြံုနေရ

မိုး သည်းထန်မှုကြောင့် မြစ်ကြီးနား မြို့ခံများ ရေးဘေး ကြံုနေရ
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနား တွင် ၃ ရက်ခန့် ဆက်တိုက် မိုးရွာခဲ့ပြီး ဇူလိုင်၁၄ရက်နေ့ညတွင်  သည်းထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင် ၁၅ ရက်၊ ယနေ့ မနက်တွင် ရေကြီး ရေလျှံမှု ဖြစ်ကာ မြို့ခံများ ရေဘေး ကြံုနေရပါသည်။

မိုးကြီးမှုကြောင့် တစ်မြို့လုံးရှိ ရပ်ကွက်တိုင်းတွင် ရေပြည့်လျှံခဲ့ရာ အဆိုးဝါးဆုံးသည် ဒူကထောင် ရပ်ကွက်၊ မြို့သစ်ကြီး ရပ်ကွက်နှင့် အေးမြသာယာ ရပ်ကွက် တို့တွင် ဖြစ်ပါသည်။

မြို့တွင်း ရေလွမ်းမိုးမှုမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် သာဖြစ်ပြီး ဧရာဝတီမြစ်ရေ အမြင့်မှာ နဂိုအတိုင်းသာ ရှိနေမြဲဖြစ်သည်။

စာသင်ကျောင်းဆောင်များ၊ နေအိမ်များ၊ လမ်းများတွင် ရေကြီးရေလျှံ ဖြစ်လာခြင်းကြောင့် စာသင်ကြား ရန် အခက်အခဲရှိခဲ့ခြင်း၊ လမ်းသွားလမ်းလာ ခက်ခဲလာခြင်းအပြင် အိမ်မွေးတိရစ္ဆာန်များကို လုံခြံုသည့်နေရာကို ရွေ့ပြောင်းခဲ့ရသည့် အခြေအနေထိ ရှိခဲ့ပါသည်။

သို့သော်လည်း ယနေ့ မွန်းလွဲပို်င်းမှ စပြီး မိုးရွာသွန်းမှု ရပ်တန့်သွားသည့် အတွက် အချို့နေရာများတွင် ရေပြန်ကျသွားပြီ ဖြစ်ကြောင်း သိရပါသည်။

၂၀၀၄ ခုနှစ် ဧရာဝတီမြစ် ရေကြီးရေလျှံဖြစ်ခဲ့စဉ် က မြစ်ကြီးနားမြို့ အတွင်း စာသင်ကျောင်းများ နှစ်ပတ် အထိ ပိတ်ထားခဲ့ရသည်။ သို့သော်လည်း ယခုအခါ မြစ်ရေကြောင့် မဟုတ်ဘဲ မိုးကြောင့် မြစ်ကြီးနား မြို့ခံများ ရေဘေး ထပ်မံ ကြံုနေရခြင်း ဖြစ်သည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...