မိုင်ဂျာယန် အစည်းအဝေး ‘၂၁ ရာစု ပင်လုံ ညီလာခံ’ မှာ အဓိက ကျမည်

မိုင်ဂျာယန် အစည်းအဝေး ‘၂၁ ရာစု ပင်လုံ ညီလာခံ’ မှာ အဓိက ကျမည်
by -
ကေအဲန်ဂျီ
တိုင်းရင်းသား အခွင့်အရေးအတွက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC ဦးဆောင်ကျင်းပသည့် ကချင်ပြည်နယ် မိုင်ဂျာယန်မြို့တွင် ပြုလုပ်မည့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ၏ မျက်နှာစုံညီ အစည်းအဝေး၏ သဘောတူညီချက် သည်သာ ၂၁ ရာစုပင်လုံ ညီလာခံမှာ အဓိက ကျမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ KSDP ဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာ က ပြောပါသည်။

ဒေါက်တာ မနမ်တူးဂျာသည် ယခင်က ကချင် လွတ်လပ်ရေး အဖွဲ့ KIO ဒုဥက္ကဋ္ဌ-၂ အဖြစ်တာဝန် ထမ်းဆောင်ခဲ့ပြီး စစ်အစိုးရ လက်ထက် ၂၀၀၈ အခြေခံ ဥပဒေ ရေးဆွဲသော အမျိုးသားညီလာခံ၌ အပစ်အခတ် ရပ်စဲထားသည့် တော်လှန်ရေး အဖွဲ့ ၁၃ ဖွဲ့ကို ဦးဆောင်ခဲ့သည်။

အစိုးရမှ လာမည့် သြဂုတ်လ ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ)သို့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ အနေဖြင့် စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု ကို တင်ပြရမည်ဖြစ်သောကြောင့် ယခု မိုင်ဂျာယန် အစည်းအဝေး၏ သဘောတူညီချက် အတိုင်း တိုင်းရင်းသား နိုင်ငံရေး ပါတီများ ကလည်း တင်ပြသွားရမည့် အကြောင်း ဒေါက်တာတူးဂျာ က ယခုလို ပြောပါသည်။

“တိုင်းရင်းသားများ အနေနဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု အကြောင်းကို အဓိက တင်ပြသွားရမယ်။ တင်ပြရမယ် ဆိုတဲ့အထဲမှာ UNFC တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေရဲ့ ဆွေးနွေးချက် တင်ပြချက်တွေသာ အဓိကဖြစ်မယ်။ ပြီးတော့ မြို့မှာရှိတဲ့ တိုင်းရင်းသား ပါတီတွေကလည်း လုပ်ဆောင်မှုတွေ တင်ပြမှုတွေဟာ တော်လှန်ရေး အဖွဲ့တွေရဲ့ သဘောထားနှင့် ညီ နေရမယ်။ မိုင်ဂျာယန် အစည်းအဝေးမှာက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးပါမယ်။ ပြီးတော့ လူလည်း စုံတယ်။ အဲဒီ အစည်းအဝေးက သဘောတူချက်တွေဟာ အဓိကြ ဖစ်မယ်။ အဲဒီ အတိုင်း ကျနော်တို့ မြို့မှာရှိတဲ့ ပါတီတွေကလည်း တင်ပြ သွားရမယ်။” ယခု ‘၂၁ ရာစု ပင်လုံညီလာခံ’ ကို အရပ်သား အစိုးရသစ် လက်ထက် စတင်ဖော်ဆောင်ခြင်းဖြစ်ပြီး၊ ယခင် စစ်အစိုးရ လက်ထက် ၎င်း၏ အာဏာတည်မြဲရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရန် ခေါ်ယူခဲ့သည့် အမျိုးသားညီလာခံများနှင့် မတူ ကွဲပြားမှု ရှိနိုင်ကြောင်း ပြောခဲ့ပါသည်။

ကချင် လွပ်လပ်ရေး အဖွဲ့ KIO ထိန်းချုပ်ဒေသ မိုင်ဂျာယန် ညီလာခံကို ဇူလိုင်၂၆ မှ ၂၉ အထိ ကျင်းပမှာ ဖြစ်ပြီး ၎င်းညီလာခံသို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၂၁ ဖွဲ့ကို ဖိတ်ကြားသွား မည်ဖြစ်သည်။ အဖွဲ့တဖွဲ့မှ ကိုယ်စားလှယ် (၅)ဦးစီ တက်ရောက်ခွင့် ရမည်ဖြစ်သည်။

ထို့အပြင် အစည်းအဝေးသို့ စည်းလုံုးညီညွတ်သော တိုုင်းရင်းသား လူမျိုုုးများ မဟာမိတ်အဖွဲ့ UNA၊ ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF နှင့် အမျိုးသမီးများ အဖွဲ့ချူပ် (မြန်မာနိုုင်ငံ) WLB အဖွဲ့များလည်း ပါဝင်ကြမည် ဖြစ်သည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...