ကချင်အမျိုးသားလုံးဆိုင်ရာလူထုဖိုရမ် ကျင်းပ

ကချင်အမျိုးသားလုံးဆိုင်ရာလူထုဖိုရမ် ကျင်းပ
by -
ကေအဲန်ဂျီ
ကချင်တိုင်းရင်းသားများဆိုင်ရာလူထုဖိုရမ်ကြီးကို  ရည်ရွယ်ချက် ၆ခုဖြင့်ကချင် အမျိုးသားကွန်ဂရက်ပါတီ(KNC) မှ ဦးဆောင်ပြီး မြစ်ကြီးနားမြို့ စီတာပူမနောကွင်းတွင် ဇူလိုင် ၈ နှင့် ၉ နှစ်ရက်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

ယင်းဖိုရမ်ကြီးသို့ကချင်မျိုးနွယ်စု(၆)မျိုးမှ ကိုယ်စားလှယ်များ၊ CSO ကိုယ်စားလှယ်များ၊ လူငယ်အဖွဲ့များ နှင့် အခြားဖိတ်ကြားထားသောဧည့်သည်များစုစုပေါင်းအယောက် ၅၀၀ ခန့် တက်ရောက်ခဲ့ကြောင်း ပွဲဖြစ်မြောက်ရေးကိုယ်စားလှယ် ဦးလော့ဒ်အောင် က ပြောပါသည်။

ဖိုရမ် ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာကဏ္ဍ ၆ ရပ်ဖြစ်သည့် နို်င်ငံရေး၊လုံခြံုရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မြေယာကဏ္ဍနှင့် အခြားကဏ္ဍအစရှိသည့် ကချင်တိုင်ရင်းသားများ၏ လိုအပ်ချက် များကိုအကောင်ထည်ဖော်ပေးနိုင်မည့် ကိုယ်စားလှယ်များအား ရွေးချယ်နိုင်ရေးအတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီ ဒေါက်တာကောန်လကအဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ပါသည်။

နှစ်ရက်သာ ပြုလုပ်ခဲ့သည့် ယင်းဖိုရမ်တွင် ပြည်ထောင်စုအစိုးရနှင့် ဆွေးနွေးတိုင်ပင်မည့် ကိုယ်စားလှယ် ၁၂ ဦးကိုမဲပေးရွေးချယ်ခဲ့ပြီဖြစ်သည်။

 ၄င်း ၁၂ ဦးအနက် ၃ ဦးမှာ နို်င်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည့် ဦးဆောင်သည့်  ၂၁ ရာစုပင်လုံပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို တက်ရောက်ရမှာဖြစ်ပြီး ကျန်၉ ဦးမှာ နည်းပညာအကြံပေးအဖြစ် ပူးတွဲဆောင်ရွက်သွားမည့် အကြောင်းဒေါက်တာကောန်လက ပြောသည်။

သို့သော်လည်းယခုညီလာခံသည် စစ်မှန်သည့်ကချင်လူထုကိုယ်စားပြု ဖိုရမ်အဖြစ် မသတ်မှတ်နို်င်သည့်အတွက် ဖိတ်ကြားထားသည့် အဖွဲ့များမှ အချို့မှာမတက်ရောက်နိုင်ကြောင်း သဘောထားထုတ်ပြန်မှုများရှိသကဲ့သို့ အလားတူအခြားဝေဖန်မှုများစွာလည်းရှိခဲ့ပါသည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...