ရှေ့တန်းမှ အစိုးရတပ် အတွင်း လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွား

ရှေ့တန်းမှ အစိုးရတပ် အတွင်း လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွား
by -
ကေအဲန်ဂျီ
ကချင် ဒေသ ရှေ့တန်းမှ အစိုးရတပ် အတွင်း စစ်သား တဦးမှ ၎င်းအထက် ဗိုလ်ကြီး (၁)ဦးနှင့် အခြားတပ်သား (၃)ဦးကို ပစ်သတ်ပြီး လက်နက်နှင့်အတူ ထွက်ပြေးမှုတခု ဇူလိုင် (၅) ရက် နေ့က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယင်းတပ်မှာ လက်ရှိ ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဗန်းမော်-လွယ်ဂျယ်လမ်း စိန်လုံ (Sinlum Kaba) ကျေးရွာတွင် စခန်းချနေသည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက်အောက် ခလရ (၄၇) တပ်ဖွဲ့ဖြစ်ကြောင်း သိရသည်။

လိုင်ဇာ ဗဟို ဌာနချုပ် KIO ပြန်ကြားရေးဌာန တာဝန်ရှိသူ ဒုဗိုလ်မှုးကြီး နော်ဘူ က “ထမင်းစားနေတဲ့ ဗိုလ်ကြီး ၁ ယောက်နှင့် တပ်သား ၃ ယောက်ကို ပစ်သွားတယ်ဆိုတာတော့ သတင်းရတယ်။ ဒါပေမယ့် အဲဒီတပ်သား ဘယ်ကို ထွက်ပြေးနေတယ် ဘာကြောင့်လဲ ဆိုတာ ကတော့ တိတိကျကျ မသိရ သေးဘူး” လို့ ကချင်သတင်းဌာန KNG ကို ပြောသည်။

ပစ်သတ်ခံရသည့် အစိုးရ တပ်မတော်သားများကို ယမန်နေ့ပင် မီးရှို့ သဂြိုလ်လိုက်ကြောင်း စုံစမ်း သိရှိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန် ၂၆ ရက်နေ့ ကလည်း မုံးကို အနီး တပ်ချထားသည့် အစိုးရ တပ်မ ၉၉ အောက် ခမရ (၁၄) မှ စစ်သားတစ်ဦး တပ်မှထွက်ပြေးသွားသည်ဟုဆိုကာ မုံးကို အနီး နမ်ဆူ (Nam Su) ရွာအနားတွင် အချင်းချင်း ပစ်သတ်လိုက်သည့် ဖြစ်စဉ်လည်းရှိခဲ့ပါသည်။

အလားတူပင် နောက်နေ့ ဇွန် ၂၇ ရက်နေ့ကလည်း မုံးကို အနီး မန်ပန်းရှိ အစိုးရ တပ်မ ၉၉ အောက် ခမရ (၁၅) မှ စစ်သား တစ်ယောက်သည် မိမိကိုယ်ကို သေနတ်ဖြင့် အဆုံးစီရင်သွားကြောင်း မုံးကို ဒေသခံများက ပြောဆိုသည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...