မုံးကိုသို့ တက်လာသည့် အစိုးရစစ်ကြောင်းကို KIA မိုင်းဖြင့် တိုက်ခိုက်

မုံးကိုသို့ တက်လာသည့် အစိုးရစစ်ကြောင်းကို KIA မိုင်းဖြင့် တိုက်ခိုက်
by -
ကေအဲန်ဂျီ
ရှမ်းပြည်နယ်မြောက်ပိုင်း ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၆) မုံးကို ဒေသသို့ မုန်ဘော်ဘက်မှ တက်လာသော အစိုးရ စစ်ကြောင်းကို လမ်းခုလပ်တွင် KIA တပ်ဖွဲ့များ ဇူလိုင် ၂ ရက် စနေနေ့ ညနေပိုင်းတွင် မိုင်းဖြင့် ခုခံ တိုက်ခိုက်ခဲ့ကြောင်း စုံးစမ်းသိရသည်။

Emblem of KIA Brigade 6 Mongkoe bur

တိုက်ပွဲဖြစ်ပွားသည့် နေရာမှာ ပန်ဆိုင်း (ကြူကုတ်) မြို့ အလွန် နမ်ဘာတတ် (Nam Ba Tek) ရွာတွင် ဖြစ်ကြောင်း KIA တပ်မဟာ ၆ အရာရှိ တစ်ဦးက ကချင်သတင်းဌာန KNG ကို အတည်ပြု ပြောကြားသည်။

ဇူလိုင် ၃ ရက်နေ့ တပ်မတော်ပိုင် မြဝတီ သတင်း၌ ‘တာဝန်လဲလှယ်ရန်ချီတက်လာသည့် တပ်မတော်စစ်ကြောင်းအား KIA လက်နက်ကိုင်အဖွဲ့က ရီမုမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်’ စသည်ဖြင့် ဖော်ပြထားသည်။

လက်ရှိ ကချင်ပြည်နယ်တွင်လည်း KIA ဗဟိုဌာနချုပ် လိုင်ဇာအနီး တစ်ဝိုက်တွင် ပြီးခဲ့သည့် တစ်ပတ်တာ တို်က်ပွဲအတွင်း အစိုးရတပ်မှ ကျဆုံးမှုများပြားခဲ့၍ စစ်ရေးအခြေအနေတင်းမားနေပြီး တိုက်ပွဲများပြင်းထန်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...