ပင်လယ်ငါးဖမ်းလုပ်ငန်းအတွင်း ရေလုပ်သားအချင်းချင်းစကားများရန်ဖြစ်မှုကြောင့် တစ်ဦးသေဆုံး

ပင်လယ်ငါးဖမ်းလုပ်ငန်းအတွင်း ရေလုပ်သားအချင်းချင်းစကားများရန်ဖြစ်မှုကြောင့် တစ်ဦးသေဆုံး
လူသတ်မှုဖြင့်ဖမ်းဆီးအရေးယူခံထားရသူ ရေလုပ်သားအောင်အောင်(photo: MNA)
လူသတ်မှုဖြင့်ဖမ်းဆီးအရေးယူခံထားရသူ ရေလုပ်သားအောင်အောင်(photo: MNA)

ရေးမြို့အနောက်ဘက် ကပ္ပလီပင်လယ်ပြင် ၀ါးကျွန်းအနောက်ဘက် ရေမိုင် ၄၅ မိုင်တွင် အောက်တိုဘာလ ၂၆ ရက်နေ့ ညပိုင်းက ရေလုပ်ငန်းရှင် ဦးအေးထွန်းပိုင်ဆိုင်သော စိန်ပိုက်ငါဖမ်းစက်လှေပေါ်တွင်ရေလုပ်သားအချင်းချင်းစကားများရန်ဖြစ်မှုကြောင့် ရေလုပ်သားတစ်ဦးသေဆုံးခဲ့ကြောင်း ရေးမြို့မစခန်းမှူး ဒုရဲမှူး စိုးမွန်က ပြောကြားသည်။

''ငါးဖမ်းစက်လှေပေါ်မှာရှိတဲ့ ပိုက်ဖာဓားနဲ့ထိုးခဲ့တယ်လို့သိရတယ်၊တရားခံကို ဖမ်းဆီးရမိအမှုဖွင့်ထားပြီး စစ်ဆေးဆောင်ရွက်နေပါတယ် '' ဟု ၄င်းကပြောသည်။

အဆိုပါစက်လှေပေါ်တွင် လေုပ်သား ၁၈ ဦးလိုက်ပါပြီး ဧရာဝတီတိုင်းဒေသကြီးမှရေလုပ်သား ဇော်ဇော်အောင်နှင့်အောင်အောင်တို့က စက်လှေပေါ်တွင် စကားများရန်ဖြစ်ကြခြင်းဖြစ်ကာအောင်အောင်မှ ငါးဖမ်းစက်လှေပေါ်တွင်ရှိသော အရိုးမပါ အရှည် ၆ လက်မ၊ ဗျက် ၁ လက်မရှိ သံဖြတ်လွှဖြင့်ပြုလုပ်ထားသော ပိုက်ဖာဓါးဖြင့် ထိုးခဲ့၍ ဇော်ဇော်အောင်၏ရင်ညွန့်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်၊ယာဘက်လက်မောင်းထိုးသွင်းဒဏ်ရာ ၁ ချက်၊ ယာလက်ဖျံထိုးသွင်းဒဏ်ရာတစ်ချက်ရရှိပြီး သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဖြစ်စဉ်င်္နှင့်ပတ်သက်၍ အောင်အောင်အား မမစ(ရေး) (ပ)၃၅၅ အမှုကြီးနှစ်စဉ်အမှတ် ၁၇/၂၀၁၇ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အောက်တိုဘာလ ၂၇ ရက်နေ့နံနက်ပိုင်းအချိန်တွင် ရေးမြို့မရဲစခန်းတွင် ဖမ်းဆီးထားရှိပြီး လိုအပ်သောစစ်ဆေးဆောင်ရွက်မှုများ ဆောင်ရွက်နေကြောင်း ရေးမြို့မရဲစခန်းက သိရသည်။

ပင်လယ်ပြင်၏သဘာဝအရ လူမှုဆက်ဆံရေးနယ်ပယ်ကျဉ်းမြောင်းသည့်အတွက် စိတ်ပိုင်းဆိုင်ရာအားဖြင့် ဒေါသထွက်လွယ်ကြောင်း၊ စိတ်ပင်ပန်းမှုများလည်းရှိကြောင်း၊ လူသတ်လက်နက်များအေနေဖြင့်လည်း လှေအတွင်း အဆင်သင့်ရှိနေပြီး စိတ်မထိန်းနိုင်ပါက အလွယ်တကူ ကျူးလွန်မိစေနိုင်ကြောင်း ရေးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးဇော်မင်းဦးက ပြောဆိုထားသည်။

''ထွက်ပေါက်အနေနဲ့ တခဏလေးထင့်စကားလေးပြောခံရတာနဲ့တင် လက်ကပါသွားတာကြောင့်လဲ လူသတ်မှုတွေဖြစ်သွားနိုင်ပါတယ်၊ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ သူတို့ကို စိတ်ဖြောင်းဖျမှုအပိုင်းတွေပါထည့်ပြီးတော့ လုပ်ငန်းရှင်တွေအနေနဲ့ ဆောင်ရွက်ပေးနိုင်မှပဲ အဆင်ပြေလာမယ်လို့ ကျွန်တော်ထင်ပါတယ်'' ဟု ၄င်းက မှတ်ချက်ပြုသည်။

ယခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့အထိ ပင်လယ်ငါးဖမ်းလုပ်ငန်းနှင့်ပတ်သက်သော သေမှုသေခင်းနှင့် လူသတ်မှုပေါင်း ၅၀ ခု ဖြစ်ပွားခဲ့သည်ဟု ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှတ််တမ်းများအရ သိရသည်။

January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...