မြစ်ကြီးနား ကချင်နှစ်ခြင်း သာသနာ (၁၂၅)နှစ်ပြည့် ဂျူဗလီပွဲ ကျင်းပ

မြစ်ကြီးနား ကချင်နှစ်ခြင်း သာသနာ (၁၂၅)နှစ်ပြည့် ဂျူဗလီပွဲ ကျင်းပ
မြစ်ကြီးနား ကချင်နှစ်ခြင်း သာသနာ (၁၂၅)နှစ်ပြည့် ဂျူဗလီပွဲ ကျင်းပ
မြစ်ကြီးနား ကချင်နှစ်ခြင်း သာသနာ (၁၂၅)နှစ်ပြည့် ဂျူဗလီပွဲ ကျင်းပ

မြစ်ကြီးနား ကချင်နှစ်ခြင်း ခရစ်ယာန်သာသနာ (၁၂၅)နှစ်ပြည့် ဂျူဗလီ ကျေးဇူးတော် ချီးမွမ်းပွဲတော်ကြီးကို ရာဒါကောင်း မြစ်ကြီးနားဇုံနယ် ကချင်နှစ်ခြင်းခရစ်ယာန် ကျမ်းစာကျောင်းတွင် အောက်တိုဘာ ၂၆ ရက်နေ့မှ စတင်ကျင်းပ ပြုလုပ်နေပြီ ဖြစ်သည်။

ဂျူဗလီပွဲကို အောက်တိုဘာ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့ထိ ပြုလုပ်သွားမှာဖြစ်ပြီး လီဒိုလမ်း တနိုင်းမြို့အထိ မြစ်ကြီးနားဇုံနယ်အတွင်း အသင်းတော်စုစုပေါင်း ၆၈ ခုမှ ယုံကြည်သူထောင်ပေါင်းများစွာ ပါဝင်ကြသည်။

ဤပွဲ၏ ထူးခြားချက်များကို မြစ်ကြီးနားဇုံနယ် ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်မှ အတွင်းရေးမှုး ဆရာလထော်ခွန်နောင်က ယခုလို ပြောသည်။

“ဂျူဗလီရဲ့ထူးခြားချက်တစ်ခုက ကျနော်တို့ဆီကို သာသနာပြုလာတဲ့ ဆရာကြီး (အမေရိကန်နှစ်ခြင်း သာသနာပြုဆရာ)ရဲ့ သမိုင်းနဲ့ ကျနော်တို့ အကြောင်းကို သရုပ်ပြသွားမယ်။ ဒုတိယက ဂျူဗလီ မနောအကကမှာ ဖြစ်တယ်။ တတိယ အချက်က လူတစ်ထောင်ခန့် ရေနှစ်ခြင်း မင်္ဂလာခံယူဖို့ ရှိတယ်။”

လေးရက်သာ ဂျူဗလီပွဲ အစီစဉ်တွင် ‘ကျေးဇူးတော်ချီးမွမ်းခြင်း အထိန်းအမှတ် မနောအကကိုလည်း နှစ်ရက်ကျင်းပသွားမည် ဖြစ်ပါသည်။

July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...