မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ဇွန်လ ၂၇ ရက်နေ့တွင်ကျင်းပမည်

မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ဇွန်လ ၂၇ ရက်နေ့တွင်ကျင်းပမည်
မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ(MNA)
မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ(MNA)
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးကို လာမည့် ဇွန်လ ၂၇ ရက်နေ့တွင် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဒု- ဥက္ကဋ္ဌ က မွန်သတင်းအေဂျင်စီသို့ ပြောကြားသည်။

မွန်ပြည်နယ်လွှတ်တော် ဒု- ဥက္ကဌ ဒေါက်တာ အောင်နိုင်ဦး က“ ဒုတိယကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေးကို ဇွန်လ ၂၇ ရက်နေ့မှာ စမယ်၊ အဆို၊ မေးခွန်းတွေရဲ့ အခြေအနေ ကြည့်ပြီးတော့မှ အဆို၊ မေးခွန်းများရင် ရက်တွေများမယ်ပေါ့” ဟု ပြောသည်။

လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံက လွှတ်တော်အထူးအစည်းအဝေး ထပ်မံကျင်းပပေးရန် တောင်းဆိုထားသော်လည်း  လွှတ်တော် ဒု- ဥက္ကဋ္ဌ ခရီးလွန်နေသည့်အတွက် ဇွန်လ ၂၁ ရက်နေ့တွင် ကျင်းပမည့် အထူးအစည်းအဝေးကို လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းပြီး ဇွန်လ ၂၇ ရက်နေ့သို့ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ကျန်ရှိနေသေးသည့် အဆို၊ မေးခွန်းများကိုလည်း ယင်းအစည်းအဝေးတွင် ထပ်မံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)  လွှတ်တော်ကိုယ်စားလှယ် မင်းအောင်မွန် က “လာမယ့် လွှတ်တော်ပုံမှန် အစည်းအဝေးမှာ အဆိုတင်သွင်းဖို့ မရှိပါဘူး၊ လွှတ်တော်ကိုယ်စားလှယ် ၈ ဦး လက်မှတ်ထိုးပြီး လွှတ်တော်အစည်းအဝေး ခေါ်တဲ့ကိစ္စကိုပဲ အဓိကထားပြီးတော့ လွှတ်တော်အစည်းအဝေးကျင်းပတဲ့နေ့မှာ  ဆွေးနွေးသွားမယ်၊ ကျနော်တို့က အဆိုကို ကြိုပြီးတင်ရမယ်ဆိုတော့ တင်ဖို့ မမီဘူးလေ” ဟု ပြောသည်။

ပြီးခဲ့သည့် လွှတ်တော် အထူးအစည်းအဝေးတွင် ဆွေးနွေးရန် အဆို၊ မေးခွန်း များ ကျန်ရှိနေသေးသည့်အတွက် လွှတ်တော် အထူးအစည်းအဝေး ထပ်မံကျင်းပပေးရန် လွှတ်တော်ကိုယ်စားလှယ် ၈ ဦး လက်မှတ်ရေးထိုးပြီး  ဇွန်လ ၃ ရက်နေ့က လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိထံ တောင်းဆိုထားကြောင်းသိရသည်။

ချောင်းဆုံ မဲဆန္ဒနယ် အမှတ် (၂)  လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ က “ ဒီ ၂၇ ရက်နေ့မှာ ကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ အဆို တင်သွင်းဖို့ မရှိပါဘူး၊ မေးခွန်းနှစ်ခုတော့ ရှိပါတယ်” ဟုပြောသည်။

မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေးကို ဇွန်လ ၂-၃ ရက်နေ့တို့တွင် ကျင်းပခဲ့ပြီး အဆိုပါ အထူးအစည်းအဝေးတွင် မေးခွန်း ၁၇ ခု၊ အဆို ၅ ခု နှင့် အရေးကြီးအဆို တစ်ခု တင်သွင်းခဲ့ကြောင်း သိရသည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...