အစိုးရ မူ အုပ်မှ ဒေသခံ နယ်မြေကို မတရား သိမ်းပိုက် ထား

အစိုးရ မူ အုပ်မှ ဒေသခံ နယ်မြေကို မတရား သိမ်းပိုက် ထား
by -
ကေအဲန်ဂျီ
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပန်ကိုင်ကျေးရွာအုပ်စု လွယ်ကုန်ရွာတွင် ဒေသခံများ၏ နယ်မြေကို မူလတန်း ကျောင်းအုပ် ဆရာကြီးက “မြေလွတ်မြေရိုင်း” ဟု ဆိုကာ မတရား သိမ်းပိုက်နေကြောင်း သိရသည်။

ပန်ကိုင်ကျေးရွာအုပ်စုသည် ပြည်ထောင်စုလမ်းမကြီးဘေး ၁၉၉၂ ခုနှစ်ကပင် အစိုးရက ဒေသခံ ကချင်၊ ပလောင်နှင့် တရုတ်လူမျိုးတို့ကို နေရာချထားသော နယ်မြေဖြစ်ကြောင်း သိရသည်။

ထိုရွာသည် စုစည်းနယ်မြေဖြစ်သောကြောင့် အစစ အရာရာ အဆင်မပြေကာ ဒေသခံများ အနေဖြင့် လုပ်ကိုင်စားသောက်ရေး အတွက် ယခင် ရွာဟောင်းဘက် အလုပ်သွားလုပ်သူများနှင့် စစ်ဒဏ်ကြောင့် တိမ်းရှောင်သွားသူများ ရှိသဖြင့် နေရာလွတ်များ ရှိခဲ့ကြောင်း ယင်းဒေသခံ ဆရာမ ဒွဲလိန် (Sara num Doi Ling) က ပြောသည်။

ယင်း ပန်ကိုင်ကျေးရွာအုပ်စု မူလတန်းကျောင်းတွင် တာဝန်ထမ်းဆောင်နေသူ ကျောင်းအုပ်ဆရာ ဦးမင်းအောင် ဆိုသူက ကျန်ရှိကျေးရွာလူကြီးများနှင့် မတိုင်ပင်သည့် အပြင် ဒေသခံများ တားဆီးနေသည့်ကြား ၂၀၁၄ ခုနှစ်က စပြီး ပေါ်ပေါ်ထင်ထင် ၄င်းတို့နယ်မြေတွင် ပြောင်းဖူးခင်း စ စိုက်ခဲ့ကြောင်း ဆရာမက ထပ်ပြောခဲ့သည်။

ယင်းနောက် ရွာဟောင်းနှင့် စစ်ပြေးရှောင်နေသည့်သူများ ပြန်လာပြီး မူလ နယ်မြေတွင် ပြန်လည် လုပ်ကိုင် နေထိုင်ရန် ရွာလူကြီးများကို ခေါ်ပြီး ကျောင်းအုပ်ဆရာနှင့် ညှိနှုုိင်းခဲ့သော်လည်း အဆင်မပြေခဲ့ကြောင်း သိရသည်။

ထို့အပြင် မိမိနေရာတွင် လုပ်ငန်း ပြန်လည် လုပ်ကိုင်လာသူများကိုလည်း ကျောင်းအုပ်ဆရာကြီးမှ ပိုင်နက် ကျူးကျော်မှုနှင့် အမှုဖွင့် ထားကြောင်း ထပ်မံ သိရပါသည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...