ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာကတော့ အကြောင်းပြချက်က တော့ နံပါတ်တစ် လူသူအရောက်အပေါက်နည်းပြီး ကျောင်းစစ်ဆေးရေးလက်လမ်းမမှီနိုင်တဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲလို့ လည်းဖြစ်နိုင်ပါတယ်။ ဖရူဆိုမြို့နဲ့ အနောက်ဘက်ခြမ်း မိုင် ၈၀ လောက်က သိုးသီဖိုးရွာကပါပဲ။
လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့နေရာမှာ တာဝန်ကျလို့ တာဝန်ကိုမကျေပွန်နိုင်တဲ့အတွက် ဒေသခံတွေရဲ့ ကလေးပညာရေးက ထိခိုက်နစ်နာစေပါတယ်လို့ သိုးသီဖိုရွာက ရွာမိရွာဖတစ်ဦးဖြစ်တဲ့ အသက် ၆၀ အရွယ်ရှိ ဦးဘိုဟာက ပြောပါတယ်။
“တနှစ်ဆိုတလလား နှစ်လားလားအဲလိုပဲလာတော့ ၊ ပြည်သူလူထုအတွက် တအားနစ်နာတယ်။ ကျေးရွာအတွက်အခက်အခဲအရမ်းရှိ တယ်လေး။” လို့ ဦးဘိုးဟာက ပြောပါတယ်။
ဒီလိုဆိုရင် အစိုးရဘက်ကလည်း ထောက်ပံ့ကြေးငွေအပိုဆောင်းတွေ ပေးထားလျက်နဲ့ ဒီလိုဖြစ်နေတာဟာ မိမိဒေသက ကလေးတွေရဲ့ အနာဂတ်ကို စေတနာမရှိတာလို့ပါဘဲဆိုပါတယ်။
အခုကျောင်းပုံမှန်မလာတဲ့ကျောင်းဆရာက ဒေသခံက ဆွဲခန့်ဖြစ်ပါတယ်။ စေတနာထား သင်ကြားပေးဖို့ ကျောင်းသားမိဘတွေက ၎င်းကျောင်းဆရာကို အကြိမ်ကြိမ်တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
“ ဒေသခံဆိုတိုးတက်ရေးအတွက်ဖြစ်အောင်လို့ပါလို့ ကျနော်သူ့ကိုပြောတယ်။ အား….ကျနော်လက်မခံတော့ ဘူး။ တခြားဆရာလည်းအကုန်ကောင်းနေတယ်။”လို့ ဦးဘိုးဟာက ပြောပါတယ်။
အဲဒီရွာကလေးတွေက ဒီလိုနဲ့ ပညာသင်ကြားခွင့်ဆုံးရှုံးရတဲ့အတွက် တတ်နိုင်တဲ့ မိဘတချို့ကတော့ ရွာနဲ့အဝေးမှာရှိတဲ့ ကေကောရွာကို မူလတန်းကျောင်းသွားတက်ဖို့ သွားထားရပါတယ်။
ဒီဘက်ရွာကျောင်းရောက်တော့လည်း ကျောင်းပြောင်းလက်မှတ်ထဲမှာတော့ တတိယတန်းဆိုပေမယ့်လည်း အတန်းအရည်အချင်းမရှိတဲ့အတွက် တခြားကျောင်းပြောင်းသွားရင် သူငယ်တန်းကိုဘဲပြန် ဆင်းနေကြရပါတယ်။
သိုးသီဖိုကျောင်းမှာ ကျောင်းဆရာ ၂ ဦးရှိနေပြီး တစ်ဦးတည်းနဲ့လည်း စာသင်ကြားရေးအပိုင်းမနိုင်တဲ့အတွက် ယခုလို ကလေးပညာရေး အောက်ကျနောက်ကျကျန်ခဲ့ရပါတယ်။
ကျောင်းပညာရေးမှာ ကျောင်းသင်အရွယ်ကလေးတိုင်းက ကျောင်းမှာစာသင်ကြားခွင့် အပြည့်အဝရှိရမယ်လို့ ပြောထားပေမယ့်လို့ ဒီရွာလေးမှာတော့ အခွင့်အရေးဆုံးရှုံးနေတာ နှစ်ပေါင်း ဆယ်စုနှစ်ကျော်နေပါပြီ။
ကျောင်းပညာရေးဆိုလို့ လေးတန်း အတန်းထိသာ အောင်ကြပါတယ်။ အဲဒီဒေသက ဒေသခံတွေက ဘွဲ့ကယော လူမျိုးတွေဖြစ်ကြပြီး နှစ်ခြင်းဘာသာ ကိုးကွယ်ကြပါတယ်။
ရိုးသားပြီးတော့ ရောင့်ရဲတိမ်းတိမ်တဲ့အတွက် ဆရာဖြစ်သူကိုလည်း မတိုင်းကြားရဲဘဲ ရှိနေခဲ့ကြတာ နှစ်ပေါင်းကြာလာတော့ သီးမခံနိုင်တော့တာဖြစ်ပါတယ်။
ဒီအခြေအနေကိုလည်း ဖရူဆိုမြို့နယ်က လက်ထောက်မြို့နယ်ပညာရေးမှူးလည်း သတင်းအချက်အလက် အတိအကျ ရရှိထားပြီးဖြစ်ပါတယ်လို့ ၎င်းဒေသဘက်မှ ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်နေတဲ့ ဦးဟိန်းမင်းလတ်က ပြောပါတယ်။
“ကျနော်ရိုက်ထားတဲ့ အသံဖိုင်ဗွီဒီယိုတွေနဲ့သူ့ကို ဒီအခြေအနေကို ပြောပြပါတယ်။” လို့ ဦးဟိန်းမင်းလတ်က ပြောပါတယ်။ ပြီးခဲ့တဲ့လက ကျောင်းအမိုးလေလွင့်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ လက်ထောက်မြို့နယ်ပညာရေးမှူးကွင်းဆင်းလာတဲ့ အချိန်မှာ ပြောဆိုအသိပေးထားခဲ့တာလို့ဆိုပါတယ်။
အခုလို တာဝန်မယူနိုင်တဲ့ ကျောင်းဆရာကို ရွာမှာရှိတဲ့ ကလေးတွေ ကျောင်းတက်နိုင်ဖို့ အပြောင်းအရွှေ့လေးဘဲလုပ်ပေးစေချင်တယ်လို့ သိုးသီဖိုရွာမှ ကျောင်းတကာ စောရှိုးဂေက ပြောပါတယ်။
၎င်းက “သင်ခိုင်းရင်လည်းအကျိုးမရှိတော့ဘူးလေး။ သူများအတွက်အကျိုးမရှိတော့ဘူး။” လို့ ပြောပါတယ်။
တစ်ဖက်က တာဝန်ကျဆရာကိုလည်း နစ်နာစေသည့် အပြောအဆို ၊ လုပ်ရပ်မျိုးကဲ့သို့လည်း မလုပ်လိုဘူး လို့သူကဆက်ပြောသွားပါတယ်။ ရွာမှာရှိတဲ့ ကျောင်းသူ/သားကလေးတွေ ပညာရေးကောင်းဖို့ ပုံမှန်လေးပဲ စာသင်ပေးမည့် ကျောင်းဆရာကိုပဲမျှော်လင့်ပါတယ်လို့ စောရှိုးဂေက ပြောပါတယ်။







