ရွှေလီ တွင်် တရားမဝင် မြန်မာ နို်င်ငံသားများကို စီစစ် ဖမ်းဆီးနေ

ရွှေလီ တွင်် တရားမဝင် မြန်မာ နို်င်ငံသားများကို စီစစ် ဖမ်းဆီးနေ
by -
ကေအဲန်ဂျီ
တရုတ်အာဏာပိုင်များက မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ ရွှေလီတွင် မြန်မာနိုင်ငံသား အလုပ်သမားများကို ယခု ရက်ပိုင်း မှ တင်းတင်းကြပ်ကြပ် စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ယခင်က တစ်ပတ်ကတ်ခေါ် (၇) ရက်အစိမ်းရောင်ကတ်နှင့် အလုပ်လုပ်ခွင့်အနီကတ်တို့ဖြင့် တရုတ်ပြည်ဘက် ညအိပ် နေထိုင် အလုပ်လုပ်သူများ ရှိသော်လည်း ယခုချိန်တွင်မူ တရားဝင် နေထိုင်ခွင့် အစိမ်းရောင်ကတ် ဖြင့်သာ ခွင့်ပြုတော့ကြောင်း ရွှေလီမြို့တွင် အလုပ်လုပ်နေသည့် ကချင်အမျိုးသမီး တစ်ဦးမှ ပြောသည်။

တရုတ်ပြည်တွင်း တရားမဝင် အလုပ်လုပ်ကိုင်ခြင်း၊ နေထိုင်ခြင်း နှင့် တရားမဝင် ဝင်ရောက်လာသော နို်င်ငံခြားသားများအား အလုပ်ခန့်သော အလုပ်ရှင်များအားလုံးကိုလည်း တရုတ်နိုင်ငံ ဖြတ်သန်းသွားလာခြင်း ထိန်းချုပ် ဥပဒေအရ ဖမ်းဆီးအရေးယူသွား မည့်အကြောင်းကို ဧပြီလမှ စပြီး သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

ယမန်နေ့ မှ စပြီး တရားမဝင် မြန်မာနို်င်ငံသားများကို ဖမ်းဆီးမှုများပြုလုပ်လာပြီး ဇွန်လ ၁ ရက်မှ စတင်ကာ ပိုမို ပိုက်စိပ်တိုက် ရှာဖွေ ဖမ်းဆီးမှုများ ရှိလာနိုင်ကြောင်း သိရသည်။

အဖမ်းခံရပါက တစ်ဦးလျှင် ဒဏ်ငွေ တရုတ်ယွမ် ၅၀၀ (ကျပ် ၉ သောင်းခန့်) ပေးရပြီး မပေးနိုင်ပါက အချုပ်တွင် ၁၅ ရက်ခန့်နေရကြောင်း ဂျယ်ခေါင် (Jiegao) တွင် အလုပ်လုပ်နေသူ တစ်ဦး ပြောပါသည်။

လူမျိုးပေါင်းစုံနေထိုင်သည့် မြန်မာ နယ်စပ် စီးပွားရေးအချက်အခြာ ရွှေလီမြို့တွင် တရုတ် အာဏာပိုင်းများမှ ရုတ်တရက် မြန်မာနို်င်ငံသားများကို ပြင်းပြင်းထန်ထန် စစ်ဆေး ဖမ်းဆီးလာခြင်း ရည်ရွယ်ချက်ကို မသိရသော်လည်း မူးယစ်ဆေးဝါးပြဿနာနှင့် ရာဇဝတ်မှုများကို လျော့ကျလိုသည့်အတွက် ဖြစ်နို်င်ကြောင်း မြန်မာ အလုပ်သမားများက ခန့်မှန်းပြောဆိုနေကြသည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...